ပြည် အောက်တိုဘာ ၂၇
ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့ပညာရေးဒီရီကောလိပ် နဝရတ်ရတနာခန်းမ၌ ယမန်နေ့က ပြည်ခရိုင်ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးတပ်ဖွဲ့(ပြည်)နှင့် လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးတပ်ဖွဲ့(ပြည်)တို့ပူးပေါင်း၍ အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်သည်။
အသိပညာပေးဟောပြောပွဲတွင် ပြည်ခရိုင်ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ ဦးဇော်စိုးမင်းထွန်း(စစ်ဆေးရေးမှူး-၂)က ဆိုင်ကယ်စီးသူတိုင်း ရာနှုန်းပြည့်မော်တော်ဆိုင်ကယ်စီး ဦးထုပ်ဆောင်းရေးနှင့် မော်တော်ယာဥ်မောင်းသူတိုင်းရာနှုန်းပြည့်ခါးပတ်ပတ်ရေး အကြောင်းအပါအဝင် ယာဥ်တိုက်ခိုက်မှုဖြစ်စဥ်များနှင့် ပြစ်မှုပြစ်ဒဏ်များအကြောင်းတို့ကို အကျယ်တဝင့်ဟောပြော ဆွေးနွေးသည်။
ထို့နောက် မူးယစ်ဆေးဝါးနှိမ်နင်းရေးတပ်ဖွဲ့(ပြည်)မှ ရဲမှူးမျိုးမင်းနှင့် လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးတပ်ဖွဲ့(ပြည်)မှ ရဲအုပ်ဌေးလင်းဦးတို့က မူးယစ်ဆေးဝါးနှင့်လူကုန်ကူးမှုဆိုင်ရာ ဆောင်ရန်/ရှောင်ရန်အကြောင်းများနှင့် သိမှတ်ဖွယ်ရာအကြောင်းများကို အသိပညာပေးဟောပြောဆွေးနွေးကြသည်။
အဆိုပါ အသိပညာပေးဟောပြောပွဲသို့ ပြည်ပညာရေးဒီဂရီကောလိပ်ကျောင်းအုပ်ကြီးနှင့်တကွ ဒုတိယကျောင်းအုပ်ကြီး၊ ဒုတိယပါမောက္ခနှင့်ဆရာ၊ ဆရာမများ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် သင်တန်းသား၊ သင်တန်းသူများ စုစုပေါင်း(၆၈၂)ဦးတက်ရောက်ကြောင်း သိရသည်။
ကိုဆက်(ပြန်/ဆက်)