ပေါင်းတည်၌ မီးဘေးသင့်ပြည်သူများအား မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ထောက်ပံ့ရေးပစ္စည်းများပေးအပ်

ပေါင်းတည် အောက်တိုဘာ ၂၇

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ အောက်တိုဘာ ၂၂ ရက်၊ နံနက် ၈ နာရီက ပေါ့ဆစွာမီးအသုံးပြုမှုကြောင့် မီးလောင်ကျွမ်းဆုံရှုံးခဲ့သောနေအိမ် ၃ လုံးနှင့် မီးဘေးသင့်ပြည်သူ ၁၀ ဦးအတွက် မြန်မာနိုင်ငံကြက်ခြေနီအသင်းမှကယ်ဆယ်ရေးပစ္စည်းများကို ယနေ့နံနက် ၁၀ နာရီက မီးလောင်ပြင်နေရာတွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ မြန်မာနိုင်ငံကြက်ခြေနီအသင်း (ပေါင်းတည်)မှပေးအပ်ပွဲတွင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးဦးအာကာစိုး၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးကြည်ထွန်းနှင့် မြို့နယ်ကြက်ခြေနီအသင်းမှ တာဝန်ရှိသူများက ပေးအပ်ကြရာရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် မီးဘေးသင့်ပြည်သူများက လက်ခံရယူခဲ့ကြကြောင်း သိရသည်။

ထိုမီးလောင်ကျွမ်းမှုကြောင့် လူသားခြင်းစာနာထောက်ထားသောအားဖြင့် Family Kit ၁၅ မျိုး၊ Hygiene Kit ၁၈ မျိုးနှင့် ဆောက်လုပ်ရေးသုံးပစ္စည်း ၁၁ မျိုး ထောက်ပံ့ကူညီခဲ့ကြကြောင်း သိရသည်။

သူရကြီး(ပြန်/ဆက်)