ကျောက်ကြီး အောက်တိုဘာ ၂၁
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ကျောက်ကြီးမြို့နယ်တွင် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၌ ယမန်နေ့ နေ့လယ်(၁)နာရီအချိန်က ပြုလုပ်ခဲ့သည်။
အစည်းအဝေးတွင် မြို့နယ်ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဒေါက်တာကျင်မွှေးမှ အမှာစကားပြောကြားပြီး မြို့ နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဒေါ်အိစုထွန်းနှင့် အဖွဲ့ဝင်များက ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် မဲရုံမှူး၊ ဒု-မဲရုံမှူးများ သင်တန်းပေး ခြင်းလုပ်ငန်း၊ မဲရုံသုံးပစ္စည်းများ ဖြန့်ဝေပေးခြင်းလုပ်ငန်း၊ ကြိုတင်မဲပေးခြင်း လုပ်ငန်းစသည်တို့ကို ကြိုတင်ပြင်ဆင် ဆောင်ရွက်နိုင်ရေးအတွက် ဆွေးနွေး ညှိနှိုင်းခဲ့ကြောင်း သိရှိရသည်။
K ခိုင်ပြန်/ဆက်