ကြံခင်း အောက်တိုဘာ ၂၇
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့၌ နှစ်စဉ်ကျင်းပမြဲဖြစ်သော (၁၄၅)ကြိမ်မြောက် တာဝတိံသာဘုရားဆင်းပွဲတော်နှင့် ဗုဒ္ဓပူဇနိယ ဝါကျွတ်မီးထွန်းပွဲတော်ကို သီတင်းကျွတ်လဆန်း(၈)ရက်နေ့မှ စတင်ကာစည်ကားသိုက်မြိုက်စွာ ကျင်းပကြောင်း သိရသည်။
ထိုသို့ကျင်းပရာတွင် သာသနာတော်နှစ်(၂၅၆၇)နှစ်၊ ကောဇာသက္ကရာဇ်(၁၃၈၅)ခုနှစ်၊ သီတင်းကျွတ်လဆန်း(၈)ရက်နေ့မှ စတင်ကျင်းပရာ သီတင်းကျွတ်လပြည့်ကျော်(၁)ရက်နေ့တွင် တာဝိံသာဘုရားဆင်းပွဲတော်နှင့် ဝါကျွတ်ကြာသင်္ကန်းကပ်လှူပူဇော်ပွဲ ကျင်းပမှာဖြစ်ပြီး၊ သီတင်းကျွတ်လပြည့်ကျော်(၂)ရက်နေ့တွင် မြတ်စွာဘုရားရှင်နှင့် မြို့ပေါ်ကျောင်းပေါင်း (၃၈)ကျောင်းမှ သံဃာတော်အရှင်သူမြတ်များဖြင့် မြို့တွင်းသို့ ဒေဿစာရီကြွချီအပူဇော်ခံမှာ ဖြစ်ကြောင်း တာဝတိံသာဂေါပကဥက္ကဋ္ဌထံက သိရသည်။
အဆိုပါဘုရားပွဲတော်ကို သီတင်းကျွတ်လဆန်း(၈)ရက်နေ့မှ လပြည့်ကျော်(၂)ရက်နေ့အထိ ကျင်းပမှာဖြစ်ကြောင်းနှင့် ဈေးဆိုင်ခန်း(၅၀)ကျော် လာရောက်ရောင်းချပြီး ရဟတ်၊ ကလေးကစားစရာပျော့အိ ကလေးကစားစရာမျိုးစုံတို့ဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)