ပန်းတောင်း အောက်တိုဘာ ၂၇
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်လဲကျေးရွာအုပ်စု၊ ဖိုကျေးရွာ ကွင်းအမှတ်(၁၈၆)၊ ကွင်းအမည်ချောင်းခွကွင်းသို့ GAC ကုမ္ပဏီ တာဝန်ရှိသူဦးမြင့်စိုး၊ ဦးသန်းထိုက်စိုးတို့နှင့်အတူ ဥသျှစ်ပင်မြို့အုပ်ချုပ်ရေးမှူး၊ မြို့နယ်သစ်တောဦးစီးဌာန၊ မြေစာရင်းဦးစီးဌာန၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ကျေးရွာတာဝန်ခံများသည် ယမန်နေ့က ကွင်းဆင်းစစ်ဆေးကြည့်ရှုခဲ့သည်။
အဆိုပါ ကွင်းဆင်းအဖွဲ့သည် မြေဧရိယာ၊ မြေအမျိုးအစား၊ မြေအခြေအနေ၊ မြေမျက်နှာသွင်ပြင်အနေအထား၊ မြေဧရိယာအတွင်း မြစ်၊ ချောင်းများ၊ ရေသွယ်မြောင်းများ ရှိ/မရှိ၊ ဧရိယာအတွင်းနှင့် အပြင်ကပ်ရပ်တို့တွင် သစ်ပင်ကြီး၊ အဆောက်အအုံရှိ/မရှိ၊ Access Road၊ တံတာအကျယ်ခံနိုင်ဝန်အခြေအနေ၊ ရေရရှိနိုင်မှုအခြေအနေ၊ ဓာတ်အားလိုင်းလမ်းကြောင်းအခြေအနေ၊ လူထုသဘောတရား၊ ရာသီဥတုအခြေအနေတို့အား စုစုပေါင်းအင်အား (၂၀) ဦးတို့ဖြင့် ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
လပြည့်လင်း (ပြန်/ဆက်)