ဖလမ်း အောက်တိုဘာ ၂၇
ချင်းပြည်နယ်၊ ဖလမ်းမြို့၌ စိုက်ပျိုးစွမ်းအား မြှင့်တင်ရေးတောင်သူများထံ ဆောင်းသီးနှံ၊ မြေပဲ (မကွေး-၁၁) မျိုးစေ့ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်ရာ ဖလမ်းရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစောထွန်းဝင်း၊ အဖွဲ့ဝင်(၁) ဒုတိယ ဗိုလ်မှူးကြီးဝင်းဇော်လတ်၊ အတွင်းရေးမှူး ဒုတိယရဲမှူးကြီး မိုးနိုင်နှင့် အဖွဲ့ဝင်များ တက်ရောက်ပြီး တောင်သူများ လက်ဝယ်အရောက် မျိုးစေ့များ ပေးအပ်ခဲ့ကြကြောင်း သိရသည်။
ရှေးဦးစွာ ဖလမ်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစောထွန်းဝင်းက အမှာစကား ပြောကြားပြီး ခရိုင်စိုက်ပျိုးရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးမင်းနိုင်က စိုက်ပျိုးရေးလုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။ ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစောထွန်းဝင်း၊ အဖွဲ့ဝင် (၁) ဒုတိယဗိုလ်မှူးကြီး ဝင်းဇော်လတ်၊ အတွင်းရေးမှူး ဒုတိယရဲမှူးကြီးမိုးနိုင်၊ အဖွဲ့ဝင် ဦးရေးချမ်း၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကောင်းမြတ်ထွန်းနှင့် အဖွဲ့ဝင်များက ဆောင်းသီးနှံ၊ မြေပဲ (မကွေး-၁၁) မျိုးစေ့များကို တောင်သူ(၂၀)တို့ထံ စပါး(၇)တင်း၊ ပြောင်းဖူး (၂၂၅)kg၊ နေကြာ (၃၃၀)kg၊ မြေပဲ (၃၀)တင်း၊ ထောပတ်ပင် (၂၀၅၄)ပင်၊ လိမ္မော်ပင် (၃၀၁) ပင်၊ မက္ကဒေးမီးယား (၅၀)ပင်၊ ပန်းသစ်တော်ပင် (၂၈)ပင်၊ စိုက်ပျိုးရေးဆိုင်ရာ နည်းပညာပေးစာအုပ်စာစောင်များ၊ သဘာဝဓာတ်မြေဩဇာဖျော်ရည် (Effective Micro-organism) (၂၀)လီတာတို့ကို ထောက်ပံ့ပေးအပ်ခဲ့ကြသည်။
အခမ်းအနားသို့ ခရိုင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် ဌာနဆိုင်ရာများ၊ လုံပီးရပ်ကွက်၊ ဗားလုံကျေးရွာ၊ ဘွာလ်ခွားကျေးရွာနှင့် ဘဲလွေကျေးရွာတို့မှ တောင်သူ လယ်သမားများ တက်ရောက်ကြကြောင်း သိရသည်။
ရဲမြင့်အောင်