ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဒုတိယဝန်ကြီးဦးရဲတင့် အုတ်ဖိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများနှင့်တွေ့ဆုံ

အုတ်ဖို အောက်တိုဘာ ၂၆

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဒုတိယဝန်ကြီးဦးရဲတင့် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများနှင့်တွေ့ဆုံခြင်းကို ယနေ့ နေ့လယ် ၁ နာရီ ၅ မိနစ်အချိန်က မိုးညိုတန်းရပ်ကွက်၊ မိုးညိုတန်းလမ်းရှိ အဆိုပါရုံးတွင်ပြုလုပ်ခဲ့သည်။ 

ဒုတိယဝန်ကြီးဦးရဲတင့်သည် အုတ်ဖိုမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိဒေါ်ညွန့်ညွန့်စိန်နှင့် ဝန်ထမ်းများအား ရုံးစာကြည့်တိုက် စာဖတ်၊ စာငှားများတိုးတက်အောင် စည်းရုံးဆောင်ရွက်ရန်၊ အစိုးရရုံးဌာနများ၊ စာသင်ကျောင်းများသို့ Mobile Library ကွင်းဆင်းဆောင်ရွက်ရန်၊ အထိမ်းအမှတ်နေ့များတွင် ပညာရေးဌာနနှင့်ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများအား အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ရန်နှင့် စာစီစာကုံးပြိုင်ပွဲ၊ ဟောပြောပွဲ၊ ဆွေးနွေးပွဲ၊ စကားဝိုင်းများ ကျင်းပနိုင်ရေး ဆောင်ရွက်ရန်လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

အောင်သူ(ပြန်/ဆက်)