နတ်တလင်း အောက်တိုဘာ ၂၆
ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဒုတိယဝန်ကြီးဦးရဲတင့် ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများနှင့်တွေ့ဆုံလမ်းညွှန်မှုပေးခြင်းကို ယနေ့နံနက် ၁၁ နာရီ ၂၀ မိနစ်အချိန်က မြို့မရပ်ကွက်၊ ဗိုလ်ချုပ်လမ်းရှိ အဆိုပါရုံးတွင် ပြုလုပ်ခဲ့သည်။
ဒုတိယဝန်ကြီး ဦးရဲတင့်သည် နတ်တလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဒေါ်လဲ့ဝါမြင့်နှင့်ဝန်ထမ်းများအား ရုံးစာကြည့်တိုက် စာဖတ်၊ စာငှားများ တိုးတက်အောင် စည်းရုံးဆောင်ရွက်ရန်၊ အစိုးရရုံးဌာနများ၊ စာသင်ကျောင်းများသို့ Mobile Library ကွင်းဆင်းဆောင်ရွက်ရန်၊ အထိမ်းအမှတ်နေ့များ၊ နေ့ထူးနေ့မြတ်များတွင် ပညာရေးဌာနနှင့်ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများအား အသိပညာပေးလုပ်ငန်းများဆောင်ရွက်ရန်နှင့် စာစီစာကုံးပြိုင်ပွဲ၊ ဟောပြောပွဲ၊ ဆွေးနွေးပွဲ၊ စကားဝိုင်းများ ကျင်းပနိုင်ရေးဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
ဝေယံဖြိုး(ပြန်/ဆက်)