အမာမြို့တွင် စုပေါင်းဘုံကထိန် ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

အမာ အောက်တိုဘာ ၂၆

ဧရာဝတီတိုင်း‌ဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ မြို့အုပ်ချုပ်ရေးမှူး ဦးပြည့်စုံဝင်း ဦးဆောင်၍ မြို့အဆင့်ဌာနဆိုင်ရာများ၊  မြို့မိ မြို့ဖများ စုပေါင်း၍ စုပေါင်းဘုံကထိန် ကျင်းပနိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ  မြို့အုပ်ချုပ်ရေးမှူး ဦးပြည့်စုံဝင်းက တန်ဆောင်မုန်းလအတွင်း ကထိန်ပွဲကျင်းပ သည့်ရာသီ ရောက်ရှိလာတော့မည်ဖြစ်သည့်အတွက် စုပေါင်းဘုံကထိန်ကျင်းပနိုင်ရေး ဌာနဆိုင်ရာများနှင့် ဆိုင်လုပ်ငန်းရှင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများမှ ပူးပေါင်းဆောင်ရွက်ကြရန်၊ ‌ပဒေသာပင် များကို ဝေဝေဆာဆာဖြစ်‌ရေး ထည့်ဝင်လှူဒါန်းနိုင်ရေးနှင့် စုပေါင်းဘုံကထိန် လှည့်လည်မည့်လုပ်ငန်း အစီအမံများကို ဆွေးနွေးပြောကြားပြီး တက်ရောက်လာကြသူများက ပြန်လည်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အမာ(ပြန်/ဆက်)