ကျောက်ကြီး အောက်တိုဘာ ၂၆
ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်၌ ယမန်နေ့ နံနက် ၉ နာရီအချိန်ခန့်က အခြေခံပညာအထက်တန်းကျောင်း သပြေဆောင်ခန်းမတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏စီမံမှုဖြင့် ကျန်းမာရေးဦးစီးဌာနဝန်ထမ်းများက သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေးအား ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေးအား ကျောက်ကြီးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ အသက်(၉)နှစ်မှ အသက်(၁၂)အထိ ကျောင်းသူ(၅၇၆)ဦး၊ ဒေသခံပြည်သူ(၂၈)ဦး စုစုပေါင်း(၆၀၄)ဦးအား ထိုးနှံပေးသွားမည်ဖြစ်ပြီး ကျန်ရှိသူများအား နောက်ရက်များတွင် ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနဝန်ထမ်းများပြောပြချက်အရ သိရသည်။
ယခုထိုးနှံပေးမည့် သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေးသည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)မှ အရည်အသွေးမီအသိအမှတ်ပြုကြောင်း ရရှိထားပြီး နိုင်ငံတကာသုတေသနပြုချက်များအရ ဘေးကင်းစိတ်ချရသည့် ကာကွယ်ဆေးဖြစ်ကြောင်း၊ မိန်းကလေးငယ်များတွင် တစ်ကြိမ်ထိုးနှံခြင်းအားဖြင့် (HPV) ဗိုင်းရပ်ပိုးကြောင့်ဖြစ်ပွားနိုင်သည့် သားအိမ်ခေါင်းကင်ဆာရောဂါအပါအဝင် ကင်ဆာရောဂါများကို ထိရောက်စွာကာကွယ်နိုင်ကြောင်းနှင့် ကာကွယ်ဆေးထိုးရန် မသင့်သောအခြေအနေများအား မြို့နယ်ကျန်းမာရေးဦးစီးဌာနဝန်ထမ်းများက သက်ဆိုင်ရာကျောင်းဆရာ ဆရာမများနှင့် အုပ်ထိန်းသူမိဘများအား ရှင်းလင်းပြောကြားခဲ့ပြီး ကာကွယ်ဆေးထိုးနှံပေးလျက်ရှိကြောင်းနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက ကာကွယ်ဆေးလာရောက်ထိုးနှံသူများနှင့် အုပ်ထိန်းသူများအား လိုက်လံကြည့်ရှုအားပေးစကားပြောကြားခဲ့ကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်