ကြံခင်း အောက်တိုဘာ ၂၆
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ သီတင်းကျွတ် ကျောင်းပိတ်ရက်တွင် ကျောင်းသားလူငယ်များ လက်မှုလုပ်ငန်းများ တတ်ကျွမ်းစေရန်နှင့် တီထွင်ကြံဆ လုပ်ကိုင်ဆောင်ရွက်တတ်စေရန် ရည်ရွယ်ပြီး အလှမီးပုံပြုလုပ်နည်းသင်တန်း ဖွင့်လှစ်ခြင်းကို ယမန်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်ခင်မိုးမြင့်က အလှမီးပုံးပြုလုပ်နည်းသင်တန်း ဖွင့်လှစ် ပေးခြင်းဖြင့် လက်မှုစွမ်းရည် တတ်မြောက်စေပြီး စိတ်ကူးဉာဏ်ရင့်သန်စေရန် အားလပ်သောအချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်နှင့် ပညာရပ်တခုတတ်မြောက်စေရန် ဖွင့်လှစ်သင်ကြားပေးခြင်းဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် သင်တန်းနည်းပြဆရာမ ဒေါ်ဝင်းဝင်းမာက သင်တန်းသားများအား မီးပုံစက္ကူ ခေါက်ချိုးနည်း၊ စက္ကူအရောင်စပ်တွဲသုံးနည်း၊ မီးပုံပေါ်တွင် အရောင်တောက်သော စက္ကူများ အသုံးပြုပုံနှင့် ကပ်ရန်နေရာနှင့် ညှပ်ပုံနည်းစနစ်များအား သင်ကြားပေးမှာဖြစ်သဖြင့် ကြိုးစား သင်ယူကြရန် ပြောကြားပြီးနောက် သင်တန်းစတင်သင်ကြားရာ သင်တန်းသား/သူ(၃၀)ဦး တက်ရောက်ကြပြီး သင်တန်းကာလမှာ အောက်တိုဘာလ(၂၅)ရက်နေ့ နေ့လယ်(၁၄)နာရီထိ ဖွင့်လှစ်သင်ကြားပေးကာ သင်တန်းသားများဖြင့် အမှတ်တရ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)