ပေါင်းတည်မြို့နယ်တွင် သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး (HPV) စတင်ထည့်သွင်းထိုးနှံခြင်း အခမ်းအနားကျင်းပ

ပေါင်းတည် အောက်တိုဘာ ၂၁

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်တွင် သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး (HPV) စတင်ထည့်သွင်း ထိုးနှံခြင်း အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၁၂ နာရီခွဲက မြို့နယ်ပြည်သူ့ဆေးရုံ အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ် သည်။

အခမ်းအနားသို့   မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေလင်းနိုင်   မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးလှမြင့်  မြို့နယ ်မီးသတ်ဦးစီးမှူး ဦးစည်သူဝင်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ မြို့ပေါ်ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် လူမှုရေးအသင်းအဖွဲ့များနှင့် ကျန်းမာရေးဝန်ထမ်းများ စုံညီစွာတက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် မြို့နယ်ပြည်သူ့ကျန်းမားရေးဦးစီးဌာနမှူး မြို့နယ်ဆရာဝန်ကြီး ဒေါက်တာမျိုးမင်းက သားအိမ်ခေါင်း ကင်ဆာကာကွယ်ဆေး (HPV) စတင်ထည့်သွင်း ထိုးနှံသွားမည့် လုပ်ငန်းစဉ်နှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

အဆိုပါ(HPV) ကာကွယ်ဆေးကို   ပေါင်းတည်မြို့နယ်တွင်   အောက်တိုဘာ   ၂၀ ရက်နေ့မှစ၍  အသက်  (၉)နှစ်မှ (၁၀)နှစ်အထိ အမျိုးသမီးငယ်တိုင်းကို သတ်မှတ်ဆေးထိုးစုရပ်  (၄၉)ခုတွင် (၁၂)လခြား၍ (၂) ကြိမ် ထိုးနှံပေးသွား မည်ဖြစ်ပြီး  ပေါင်းတည်မြို့နယ်တွင်  အသက်(၉)နှစ်မှ  (၁၀)နှစ်အထိ အမျိုးသမီးငယ် ရည်မှန်း ဦးရေ(၉၂၇) ဦးကျော် အားထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အခမ်းအနားအပြီးတွင် (HPV) ကာကွယ်ဆေး  ဗဟိုအဆင့်ဖွင့်ပွဲ အခမ်းအနားမှ  နိုင်ငံတော်၏ အတိုင် ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ အဖွင့်မိန့်ခွန်း Video အား တက်ရောက်လာသူများက ကြည့်ရှုခဲ့ ကြပြီး ဗဟိုအဆင့်ဖွင့်ပွဲ အခမ်းအနားပြီးဆုံးသည်နှင့် တစ်ပြိုင်နက် မြို့နယ်အဆင့် ဖွင့်ပွဲတွင် ဆေးထိုးရန် ရောက်ရှိနေသော အမျိုးသမီးငယ် (၈)ဦးအား စတင်ထိုးနှံပေးရာ တာဝန်ရှိများကြည့်ရှုအားပေးခဲ့ ကြောင်း သိရသည်။

တင်ဝင်းဇော်(မင်းသားကြီး)