ကလေးဝမြို့တွင် ရှစ်မျက်နှာအေးစေတီပြုပြင်ရန်အတွက် ဒုတိယအကြိမ် အလှူငွေပေးအပ်ပွဲပြုလုပ်

ကလေးဝ အောက်တိုဘာ ၂၆

စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝမြို့တွင် သာသနာ့သမိုင်းဝင် ရွှေမုဌောစေတီ‌တော်မြတ်ကြီး ရင်ပြင်တော်ပေါ်ရှိ ရှစ်မျက်နှာအေးစေတီပြုပြင်ရန်အတွက် ဒုတိယအကြိမ် အလှူငွေ သိန်း‌‌ပေါင်း (၂၄၀) ကျော်ပေးအပ်လှူဒါန်းပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၂ နာရီက အမှတ် (၃) ရပ်ကွက် ရွှေမုဌောကျောင်းတိုက်၌ ပြုလုပ်ခဲ့သည်။

အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆိုဖွင့်လှစ်ခဲ့ပြီး အလှူရှင်များက ရှစ်မျက်နှာအေးစေတီပြုပြင်ရန်အတွက် ဒုတိယအကြိမ် ပေးအပ်လှူဒါန်းကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်မိုးအောင်နှင့် ရွှေမုဌောဘုရားကြီး ဂေါပကအဖွဲ့တို့မှ လက်ခံ၍ ဂုဏ်ပြုမှတ်တမ်းလွှာများကို ပေးအပ်ခဲ့ကြသည်။

ထိုနောက် ရွှေမုဌောကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တမာဃိန္ဒထံမှ တရားအနုမောဒနာ နာယူခြင်းနှင့် လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချအမျှပေးခဲ့ပြီး အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို၍ ပိတ်သိမ်းခဲ့ကြောင်း သိရှိရသည်။

မြို့နယ်(ပြန်/ဆက်)