မင်းဘူးမြို့၌ မိုးသည်းထန်စွာရွာသွန်းကာ သစ်စိမ့်ပင်မြေပွ၍ လမ်းမပေါ်သို့ လဲကျနေသောကြောင့် ခုတ်ထွင် ရှင်းလင်းဖယ်ရှား

မင်းဘူး အောက်တိုဘာ၂၆

မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့တွင် ယမန်နေ့ ညနေ ၃ နာရီအချိန်က မိုးသည်းထန်စွာ ရွာသွန်းပြီး၊ အမှတ် (၂) ရပ်ကွက် မင်းဘူး-စကု လမ်းဘေး ကြက်ကင်ဆိုင်အနီး သစ်စိမ့်ပင် (၁) ပင် မြေပွ၍ လမ်းမပေါ်သို့ လဲကျနေသောကြောင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးအောင်မြင်နှင့် စီမံအဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များက ခုတ်ထွင်ရှင်းလင်း ဖယ်ရှားခဲ့ကြသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌက ဦးဆောင်ပြီး မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာအဖွဲ့ဝင်များ ပူးပေါင်းကာ လုံးပတ် ၁၅ ပေ၊ အရှည်ပေ ၆၀ ရှိသော သစ်စိမ့်ပင်ကြီးအား ခုတ်ထွင်ရှင်းလင်း၍ သန့်ရှင်းရေးများ ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ အဆိုပါ သစ်စိမ့်ပင် လဲကျမှုကြောင့် လူ၊ တိရိစ္ဆာန်နှင့် ပရိဘောဂ အဆောက်အအုံများ ထိခိုက်ပျက်စီးမှု မရှိကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ သိရသည်။

ဇေယျာထက်(မင်းဘူး)