ငပုတောမြို့နယ်တွင်ပြည်သူများစားဝတ်နေရေး အဆင်ပြေချော မွေ့စေရေးအတွက်ဆန်နှင့် စားသုံးဆီများကိုသက်သာသောဈေးနှုန်းဖြင့် ရောင်းချပေး

ငပုတော   အောက်တိုဘာ   ၂၅

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်အတွင်းရှိ ပြည်သူများစားဝတ်နေရေး အဆင်ပြေချောမွေ့စေရေးအတွက် ဆန်နှင့်ဆီများကို သက်သာသောဈေးနှုန်းဖြင့် ယနေ့နံနက် ၁၀နာရီခွဲအချိန်ခန့်က ငပုတောမြို့၊ မြောက်ပိုင်းရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၊ ယင်းမာလမ်း၌ ရောင်းချပေးခဲ့သည်။

ထိုသို့ ရောင်းချရာတွင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် (၂)ဦးသန်းဦးနှင့် ကုန်စျေးနှုန်း ထိန်းညှိလျော့ချရေးနှင့် အခြေခံစားသောက်ကုန် လုံလောက်မှုရှိစေရေး ပိုမိုတိုးမြင့်ထုတ် လုပ်နိုင်ရေး ကြီးကြပ်မှုကော်မတီ၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ ဆန်စက်လုပ်ငန်းရှင်များ အသင်းနှင့် ခရိုင်ဆီကုန်သည်များအသင်းတို့ပူးပေါင်း၍ ပြည်သူများစားဝတ်နေရေး အဆင်ပြေချောမွေ့စေရေးအတွက်  လက်လီရောင်းချပေးလျက်ရှိရာ ငပုတောမြို့အတွင်းရှိ ပြည်သူများကို တစ်ဦးလျှင် ဆန် (၁)ပြည် (၂၅၀၀)ကျပ်နှုန်းဖြင့် ဆန်(၁၂)အိတ်၊ စားသုံးဆီ တစ်ပိဿာ(၅၂၀၀)ကျပ်နှုန်းဖြင့် ပိဿာ(၅၅၀)နှင့်  စနစ်တကျတန်းစီပြီး လက်လီရောင်းချ ပေးခဲ့ကြကြောင်းသိရသည်။

မြို့နယ်(ပြန်/ဆက်)