မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ အန္တရာယ်တားဆီးကာကွယ်ရေးအဖွဲ့မှ ကွင်းဆင်းကြည့်ရှုစစ်ဆေး

မော်လိုက် အောက်တိုဘာ ၂၅

စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင် မော်လိုက်မြို့၌ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝဏ္ဏထွန်းနှင့် အဖွဲ့ဝင်များက မူးယစ်ဆေးသုံးစွဲမှုလျော့နည်းစေရန် ကွင်းဆင်းကြည့်ရှုစစ်ဆေးခြင်းကို ယနေ့နံနက်(၉)နာရီ အချိန်က ခရိုင်ပြည်သူ့ဆေးရုံရှိ မက်သဒုန်းစင်တာတွင် လိုက်လံကြည့်ရစစ်ဆေးခဲ့ကြသည်။

ကွင်းဆင်းကြည့်ရှု စစ်ဆေးရာတွင် နားခိုရာအဖွဲ့အစည်းမှ ဒေါက်တာဝေယံဗိုလ်က မူးယစ်ဆေးဝါးများ၏ အာနိသင်များ၊ မူယစ်ဆေးဝါးသုံးစွဲရခြင်း၏ ဘေးထွက်ဆိုးကျိုးများ၊ မက်သဒုန်းအစားထိုးကုသမှု၏ အကျိုးကျေုးဇူးများစသည့် အကြောင်းအရာများကို ပရိုဂျက်တာဖြင့်ပြသ၍ အကျယ်တဝင့်ရှင်းလင်းပြောကြားခဲ့ပြီး ဒေါက်တာကျော်ကိုကိုက မက်သဒုန်း အစားထိုးကုမှုနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တာဆီးကာကွယ်ရေးအဖွဲ့မှ မက်သဒုန်းစင်တာတွင် မက်သဒုန်းအစားထိုးကုသမှုများကို ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြကြောင်းသိရသည်။

ခရိုင်(ပြန်/ဆက်)