ကသာ အောက်တိုဘာ ၂၅
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဆင်းရဲမှုလျော့ချရေးရန်ပုံငွေဖြင့် ကသာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးကြပ်၍ ဖွင့်လှစ်သည့် သီးနှံအခြေခံယို၊ ဖျော်ရည်အမျိုးမျိုးနှင့် သီးနှံခြောက်တန်ဖိုးမြှင့် စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်း အမှတ်စဉ်(၄) ဖွင့်ပွဲအခမ်းအနားကို ကသာခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ရုံးခန်းမတွင် ယနေ့နံနက် (၉)နာရီ အချိန်က ပြုလုပ်ဆောင်ရွက်ခဲ့သည်။
အဆိုပါ သင်တန်းဖွင့်ပွဲတွင် ကသာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးထွန်းဝင်းက အဖွင့်အမှာစကား ပြောကြားပြီး ကသာခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမင်းဆွေက သင်တန်းဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ယခုသင်တန်းမျိုးသည် ကျေးလက်နေပြည်သူများနှင့် မြို့ပြအခြေခံ လူတန်းစားမျးအတွက် စီးပွားရေးလုပ်ငန်းတွင် အထောက်အကူပြုနိုင်ရန် ဖွင့်လှစ်ပေးသည့် သင်တန်းဖြစ်ပါကြောင်း၊ ဒေသတစ်ခု ထွက်ကုန်တစ်ခုပေါ်ပေါက်လာစေရေး၊ အသေးစားစက်မှုလက်မှု လုပ်ငန်းငယ်များ ပေါ်ထွန်းလာစေရန်၊ မိသားစုအပိုဝင်ငွေတိုးပြီး အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန်နှင့် ကုန်ထုတ်လုပ်မှုကဏ္ဍ၏ တစ်စိတ်တစ်ပိုင်းကို လူငယ်လူရွယ်များဦးဆောင်ပြီး လူငယ်ကဏ္ဍ မြှင့်တင် ဆောင်ရွက်ရေးတို့ကို ရည်ရွယ်၍ ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ပြောကြားသည်။
အဆိုပါသင်တန်းကို (၂၅-၁၀-၂၀၂၃)ရက်နေ့မှ (၃၁-၁၀-၂၀၂၃)ထိ ကသာခရိုင်အသေးစားစက်မှု လက်မှု လုပ်ငန်းဦးစီးဌာန ယာယီသင်တန်းခန်းမတွင် သင်တန်းသား/ သင်တန်းသူ (၂၀)ဦးဖြင့် စာတွေ့လက်တွေ့ သင်ကြား ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
ကျော်စွာထွန်း(ကသာ)