မြို့သစ် အောက်တိုဘာ ၂၅
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ် မြေပြင်သာကျေးရွာတွင် အောက်တိုဘာ ၂၂ ရက်နေ့၊ နေ့လည်က လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်ပျက်စီးသွားသည့် လူနေအိမ်များအား မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့ငွေပေးအပ်ခြင်းကို အောက်တိုဘာလ ၂၃ ရက် နေ့လည်(၁)နာရီကမြေပြင်သာကျေးရွာ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။
ထိုသို့ ထောက်ပံ့ပေးအပ်ရာတွင် လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်ပျက်စီးသွားသည့် မြို့သစ်မြို့နယ်၊ မြေပြင်သာကျေးရွာအုပ်စု၊ မြေပြင်သာကျေးရွာမှ ပြိုကျအိမ်ခြေ(၃)လုံး၊ အမိုးလန်အိမ်ခြေ(၂၄)လုံး၊ စုစုပေါင်းအိမ်ခြေ(၂၇)လုံး၊ လူဦးရေ(၁၁၀)ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုး(၁၃၂၅၀၀ဝိ/-)၊ ဆန် ရိက္ခာဖိုး(၂၃၁၀၀၀ိ/)၊ စုစုပေါင်း(၁၅၅၆၀၀ဝိ/)၊ ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုး အိမ်ထောင်စု(၃)စုစာတို့အား (၂၃-၁၀-၂၀၂၃)ရက်နေ့တွင် အမှတ်(၁၇) ကာကွယ်ရေးပစ္စည်းစက်ရုံမှူး ဗိုလ်မှူးကြီးသိန်းလွင် ၊ မြို့သစ်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဝင်းထက် နှင့် အဖွဲ့ဝင်များနှင့်အတူ လူမှု၀န်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မြို့သစ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လေဘေးသင့်ပြည်သူများ လက်ဝယ်အရောက်သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
သန်းဝင်းထွန်း ( ပြန်/ဆက်)