မော်လိုက် အောက်တိုဘာ ၂၅
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင် မော်လိုက်မြို့၌ အခမ်းအနားမှူးသင်တန်း (၂/၂၀၂၃) ကို ယမန်နေ့ နံနက် (၁၀) နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနရှိ (Community Centre) ခန်းမ၌ ဖွင့်လှစ်သည်။
အဆိုပါ သင်တန်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဇေယျာဝင်းက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက် များကို ရှင်းလင်းပြောကြားပြီး အခမ်းအနားမှူးတစ်ယောက်၏ အရည်အချင်းများ၊ တာဝန်နှင့်ဝတ္တရားများ၊ ဝတ်စားဆင်ယင်မှုနှင့် ဆောင်ရန်/ ရှောင်ရန်များ၊ အသံနေအသံထားများ၊ သဒ္ဒါအသုံးအနှုန်းများ၊ နှုတ်ပြောသာဓကများကို စာတွေ့လက်တွေ့ အကျယ်တဝင့် ရှင်းလင်းသင်ကြားပို့ချ ပေးပြီး သင်တန်းသူ/သင်တန်းသားများက လက်တွေ့လေ့ကျင့်ခဲ့ကြသည်။
ကျောင်းသား၊ ကျောင်းသူများကို တာဝန်သူများမှ ပေးအပ်လာသည့် တာဝန်များနှင့် NGO အဖွဲ့အစည်းများမှ ပြုလုပ်သည့် အခမ်းအနားများတွင် တာဝန်ပေးအပ်လာပါက အခမ်းအနားမှူးတာဝန်ကို စနစ်တကျအောင်မြင်အောင် ဆောင်ရွက်နိုင်ရန်နှင့် သီတင်းကျွတ်ကျောင်းပိတ်ရက်များတွင် အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန် ရည်ရွယ်၍ ဖွင့်လှစ်ခြင်းဖြစ်ပြီး အဆိုပါ သင်တန်းတွင် သင်တန်းသား/ သင်တန်းသူ (၁၇)ဦး တက်ရောက်ခဲ့ကြကာ (၂၄.၁၀.၂၀၂၃) ရက်နေ့မှ (၂၅.၁၀.၂၀၂၃)ရက်နေ့ထိ ဖွင့်လှစ်သွားမည်ဖြစ်ပြီး နံနက်(၁၀)နာရီမှ ညနေ(၄)နာရီအတွင်း စာတွေ့လက်တွေ့သင်တန်းပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)