ဟုမ္မလင်း အောက်တိုဘာ ၂၅
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှ ကျင်းပပြုလုပ်သည့် အခြေခံငါးမွေးမြူရေးနှင့် ဆေးထိုးသားဖောက်သင်တန်းဖွင့်ပွဲ ကို ယနေ့ နံနက် (၁၀)နာရီအချိန်က ငါးလုပ်ငန်းဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားတွင် ဟုမ္မလင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲဝင်းက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ဟုမ္မလင်းခရိုင် ငါးလုပ်ငန်း ဦးစီးဌာန ဦးစီးအရာရှိ ဒေါ်မြင့်မြင့်လှိုင်က အခြေခံငါးမွေးမြူရေးနှင့် ဆေးထိုးသားဖောက် သင်တန်းဖွင့်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ သည်။
အဆိုပါ သင်တန်းကို ဟုမ္မလင်းမြို့နယ်ကျေးရွာအတွင်းရှိ ကျေးရွာများမှ သင်တန်းသား/သူ (၂၀)ဦး တက်ရောက်ကြမည်ဖြစ်ပြီး သင်တန်းဆရာ/မ များက စာတွေ့/လက်တွေ့သင်ကြားပေးသွားမည်ဖြစ်ပြီး သင်တန်းကာလမှာ (၂)ရက်ဖြစ်ကြောင်း သိရသည်။
ဟုမ္မလင်း(ပြန်/ဆက်)