စေတုတ္တရာမြို့နယ် မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာများ ပုံမှန်ဆက်လက်ထုတ်ပေးလျက်ရှိ

စေတုတ္တ အောက်တိုဘာ ၂၅

မကွေးတိုင်းဒေသကြီး၊ စေတုတ္တရာမြို့နယ်တွင်းရှိ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာများကို မြန်မာ့စီးပွားရေးဘဏ်၌ ယနေ့နံနက်ပိုင်းတွင် ပင်စင်လစာများကို ပုံမှန်ဆက်လက်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

စေတုတ္တရာမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများတွင် အငြိမ်းစားဝန်ထမ်း (၇၁၄)ဦးရှိပြီး ပင်စင်လစာငွေများကို အောက်တိုဘာလ ၂၃ ရက်နေ့မှစတင်၍ ထုတ်ပေးခဲ့ရာ လကုန်ရက် အထိ နေ့စဉ် နံနက် ၇ နာရီမှ နေ့လယ်(၂)နာရီထိ  ထုတ်ပေးလျက်ရှိသည်။ အငြိမ်းစား အသက်ကြီးသူများနှင့် ကျန်းမာရေးမကောင်းသူများ၏ ပင်စင်လစာများကို ကိုယ်စားလှယ်လွှဲစာဖြင့် မိသားစုဝင်များက အဆင်ပြေစွာ ထုတ်ယူနိုင်ရန် မြန်မာ့စီးပွားရေး ဘဏ်က စီစဉ်ဆောင်ရွက်ပေးလျက်ရှိပြီး သတ်မှတ်ရက်များတွင် လာရောက်ထုတ်ယူခြင်းမရှိသော အငြိမ်းစားဝန်ထမ်းများကို လစဉ်လဆန်းရက် ဘဏ်လုပ်ငန်း ဆောင်ရွက်ချိန်တွင် ပင်စင်လစာများကို ဆက်လက် ထုတ်ပေးလျက်ရှိကြောင်း  မြန်မာ့စီးပွားရေးဘဏ်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဝင်းအိမွန်(ပြန်/ဆက်)