ရေဖြူမြို့တွင် အသက် (၈၅)နှစ်နှင့် အထက်ဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ငွေများ ပေးအပ်

ရေဖြူ  အောက်တိုဘာ    ၂၅

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့၊ (က)(ခ)ရပ်ကွက်တွင် လူမှုဝန်ထမ်းဦးစီးဌာနမှ ထောက်ပံ့သည့် အသက် (၈၅)နှစ်နှင့် အထက်ဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ငွေများကို ရေဖြူမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် ရေဖြူမြို့ပေါ် (က)ရပ်ကွက်နှင့် (ခ)ရပ်ကွက်ရှိ အသက်(၈၅)နှစ်အထက်သက်ကြီးဘိုးဘွားများထံသို့ ယနေ့နံနက်ပိုင်းက အိမ်တိုင်ရာ​ရောက် သွား​ရောက် ပေးအပ်ခဲ့ကြသည်။

လူမှုရေးပင်စင်​ထောက်ပံ့ငွေများကို သက်ဆိုင်ရာ စာရေးဝန်ထမ်းများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မိခင်နှင့်ကလေး၊ အမျိုးသမီးရေးရာ အဖွဲ့ဝင်များက ဖော်ပြပါရပ်ကွက်အတွင်းရှိ အသက် (၈၅)နှစ်အထက်သက်ကြီးဘိုးဘွားများထံ တစ်ဦးလျှင် ၃၀၀၀၀ ကျပ်နှုန်းဖြင့် အိမ်တိုင်ရာ​ရောက် သွား​ရောက်ပေးအပ်ခဲ့ကြကြောင်း သိရသည်။

ထိုသို့ လူမှုရေးပင်စင်​ထောက်ပံ့ငွေများပေးအပ်ရာ၌ (က)ရပ်ကွက်တွင် (၁၂)ဦးနှင့် (ခ)ရပ်ကွက်တွင် (၁၆)ဦး စုစုပေါင်း အသက် (၈၅) နှစ်နှင့်အထက် ဘိုးဘွား (၂၈)ဦးတို့အတွက် တစ်ဦးလျှင် ၃၀၀၀၀/- ကျပ်နှုန်းဖြင့် ထောက်ပံ့ငွေကျပ်(၈)သိန်း(၄)သောင်းကို ပေးအပ်ခဲ့ခြင်းဖြစ်ပြီး ကျန်ရှိနေသေးသည့် ရပ်ကွက်/ကျေးရွာအုပ်စုများအတွင်းရှိ သက်ကြီးဘိုးဘွားများအား သက်ဆိုင် ရာ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများက အိမ်တိုင်ရာ​ရောက် ဆက်လက်ပေးအပ်​ဆောင်ရွက်သွားကြမည်ဖြစ်ကြောင်း သိရသည်။

ခတ္တာ