သံတောင်ကြီးမြို့နယ်ပြည်သူ့စာကြည့်တိုက်တွင်စိတ်ကြိုက်ပန်းချီ ပြိုင်ပွဲပြုလုပ်

သံတောင်ကြီး အောက်တိုဘာ ၂၅

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ် ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊  ပြည်သူ့စာကြည့်တိုက်၊ ကလေးစာဖတ်ခန်းတွင်  ကျောင်းသူ/ကျောင်းသားများ သီတင်းကျွတ် ကျောင်းပိတ်ရက်၌ အားလပ်ချိန်ကို အကျိုးရှိစွာအသုံးပြုနိုင်စေရေးအတွက် ယမန်နေ့ နေ့လယ် (၁)နာရီအချိန်က စိတ်ကြိုက်ပန်းချီပြိုင်ပွဲပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

အဆိုပါ ပြိုင်ပွဲများဆောင်ရွက်ပေးခြင်းဖြင့် ကလေးငယ်များ ဉာဏ်ပညာစွမ်းရည်အတွေးအခေါ်စွမ်း ရည်များဖွံ့ဖြိုးတိုးတက်လာစေရန်၊ စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန်၊ စာဖတ်ခြင်းအလေ့အထများရှိစေရန် စိတ်ကြိုက်ပန်းချီပြိုင်ပွဲကိုပြုလုပ်ဆောင်ရွက်ပေးရာ ကျောင်းသူ/ကျောင်းသား (၁၄)ဦး ပါဝင်ယှဉ်ပြိုင်ကြပြီး ဆုရရှိသူများအား မြို့နယ်ဦးစီးအရာရှိနော်လော်မူနှင့် ဝန်ထမ်းများက အမှတ်တရ လက်ဆောင်များ ပေးအပ်ခဲ့ကြောင်း သိရသည်။

နော်နော်မူ