အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် ဝေလင်း ဌာနဆိုင်ရာအကြီးအကဲများနှင့် တွေ့ဆုံ

ဝါးခယ်မ အောက်တိုဘာ ၂၄

အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်ဝေလင်းသည် ယနေ့ မွန်းလွဲ ၁ နာရီခွဲအချိန်က ဝါးခယ်မမြို့၊ မင်းပိုင်းရပ်ကွက်၊ ကမ်းနားလမ်းရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဌာနဆိုင်ရာအကြီးအကဲများနှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။

အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်ဝေလင်းသည် ဝါးခယ်မမြို့သန့်ရှင်းသာယာလှပရေး ဆောင်ရွက်ထားရှိမှုအားကြည့်ရှုခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစွမ်းထက်နှင့် အဖွဲ့ဝင်များအား တွေ့ဆုံရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစွမ်းထက်က မြို့နယ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် တည်ငြိမ်အေးချမ်းရေးတို့အတွက် ဆောင်ရွက်ထားမှုများအား ရှင်းလင်းတင်ပြခဲ့ပြီး အနောက်တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ဝေလင်းမှ လိုအပ်ချက်များ လမ်းညွှန်မှာကြားခဲ့‌ကြောင်း သိရသည်။

ဟိန်းထက်လင်း(ပြန်/ဆက်)