လဟယ် အောက်တိုဘာ ၂၂
စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့တွင် ခရစ်ယာန်ဘာသာမှ ဗုဒ္ဓဘာသာသို့ ကူးပြောင်း၀င်လာသော အိမ်ထောင်စု၀င်များအား ဗုဒ္ဓအဆုံးမခံယူပွဲ အခမ်းအနားကို ယနေ့နံနက် ဗဟိုသာသနာပြုကျောင်း၌ ကျင်းပသည်။
ရှေးဦးစွာအခမ်းအနားကို နမောတဿ (၃)ကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနား စတင်ဖွင့်လှစ်ပြီး တောင်တန်းသာသနာပြု ဗဟိုဆရာတော် ဘဒ္ဒန္တသုမနထံမှ (၈)ပါးသီလ ခံယူဆောက်တည်ကြသည်။ ဆက်လက်ပြီး ခရစ်ယာန်ဘာသာမှ ဗုဒ္ဓဘာသာသို့ ကူးပြောင်း၀င်လာသော အိမ်ထောင်စု၀င်များကို သာရဏီယ ဩဝါဒကထာ ချီးမြှင့်တော်မူပြီး ဗုဒ္ဓအဆုံးမ ခံယူစေသည်။
ထို့နောက် နာဂဒေသ ဒေသလ၀ကဦးစီးဌာနမှူး ဒုတိယညွန်ကြားရေးမှူး ဦးစိုးတင့်အောင်က ၀မ်းမြောက်ကြောင်းစကား ပြောကြားပါသည်။ ၎င်းနောက် ဗုဒ္ဓဘာသာ ခံယူကြည့် အိမ်ထောင်စု၀င်များအား ဗဟိုဆရာတော်က ဗုဒ္ဓရုပ်ပွါးတော်များ ပေးအပ်ပြီး ဌာနဆိုင်ရာများ ရပ်ကွက်ပြည်သူများမှ ထောက်ပံ့သည့်ငွေနှင့် ထောက်ပံ့ပစ္စည်းများ ထောက်ပံ့လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ဗုဒ္ဓဘာသာခံယူရာတွင် အိမ်ထောင်စု (၃)စုလူဦးရေ (၈)ဦးဖြစ်ပြီး ခရစ်ယာန်ဘာသာမှ ဗုဒ္ဓဘာသာသို့ ကူးပြောင်း၀င်ရောက်လာသော အိမ်ထောင်စု၀င်များမှာ မြို့မရပ်မှ အိမ်ထောင်စု (၂)စု၊ တိုးချဲ့-၂ရပ်ကွက်မှ အိမ်ထောင်စု(၁)စုဖြစ်ကြောင်း သိရသည်။
(မြို့နယ်ပြန်/ဆက်)