အရာတော် အောက်တိုဘာ ၂၄
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ အရာတော်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် စာပေဝါသနာရှင်များနှင့် ပူးပေါင်းပြီး စာအုပ်စာပေဖတ်ရှုသည့် အလေ့အကျင့်များ ရရှိစေရန်၊ အသိပညာဗဟုသုတ တိုးပွားလာစေရေးအတွက် စဉ်ဆက်မပြတ် လေ့လာ ဆည်းပူးလိုစိတ်များ ရှင်သန်လာစေရန်အတွက် ယနေ့ ၁၂ နာရီက စာရေးဆရာ မောင်ခင်မင်(ဓနုဖြူ) ရေးသားသည့် "အမွေခံတစ်ယောက် အမွေပေးသူတစ်ရာ" လူငယ်နှင့် ပညာဆိုင်ရာစာစု စာအုပ်ဖြင့် စာဖတ်ဝိုင်း ဆွေးနွေးခဲ့သည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိက စာဖတ်ဝိုင်း ကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။ ထို့နောက် တက်ရောက် လာသည့် လူငယ်စာပေဝါသနာရှင်များက "အမွေခံတစ်ယောက် အမွေပေးသူတစ်ရာ" စာအုပ်တွင် ပါရှိသော လူငယ်တွေအတွက် လူကြီးတွေပြင်ဆင်သင့်တဲ့ အရာများ၊ တပည့်တွေ အကြောင်း၊ ကံရာဇာငယ်၏ အလှူမဏ္ဍပ်၊ မဖြေနိုင်လျှင် မအောင်ချင်နှင့်၊ ပညာတတ်ဖို့ စာဖတ်ရမည် စသည့် စာအုပ်တွင်ပါရှိသော ခေါင်းစဉ်ပါ အချက်အလက်များကို ဖတ်ကြားပြီး မိမိသဘောထား အမြင်များဖြင့် သုံးသပ်ဆွေးနွေး ခဲ့ကြောင်းသိရသည်။
မြို့နယ်ပြန်/ဆက်