စစ်ကိုင်းမြို့တွင် လူငယ်များ အလုပ်အကိုင်ဖန်တီးပေးနိုင်ရေး အခြေခံစက်ချုပ်နည်းပညာ သင်တန်းဖွင့်ပွဲကျင်းပ

စစ်ကိုင်း အောက်တိုဘာ ၂၄

စစ်ကိုင်းခရိုင် အသေးစားစက်မှုလက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ကြီးမှူး၍ လူငယ်များအလုပ်အကိုင် အခွင့်အလမ်း ဖန်တီးပေးနိုင်ရေး ဆောင်ရွက်မည့် လုပ်ငန်းစီမံကိန်း “အခြေခံစက်ချုပ်နည်းပညာ သင်တန်း” ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်(၁၀)နာရီက အဆိုပါရုံးတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

သင်တန်းဆင်းပွဲတွင် စစ်ကိုင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်ဆင့်က လူငယ်များ အလုပ် အကိုင်ရရှိရေးနှင့် အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ ပေါ်ထွန်းလာစေရေးအတွက် သက်ဆိုင်ရာဌာနအနေဖြင့် သင်တန်းမျိုးစုံဖွင့်လှစ်ပေးလျက်ရှိကြောင်း သင်တန်းသား/ သင်တန်းသူများအနေဖြင့်လည်း ကြိုးစာသင်ယူသွားကြပါလို့ ဆွေးနွေးမှာကြားလိုကြောင်း အဖွင့်အမှာစကား ပြောကြား ကာ ခရိုင်အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ခရိုင်ဦးစီးမှူးက လုပ်ငန်းစီမံကိန်းဖြင့် ဖွင့်လှစ် သင်ကြားပေးတဲ့ သင်တန်းဖြစ်တဲ့အတွက် ကြိုးစားသင်ယူကြပါ အမှန်တစ်ကယ်လုပ်ငန်းထူထောင်လိုသူ သင်တန်းသား(၅)ဦးကို နိုင်ငံတော်မှ အကုန်အကျခံပြီး လုပ်ငန်းထူထောင်ပေး သွားမှာဖြစ်ကြောင်း၊ ကော်မတီမှ စိစစ်ရွေးချယ်ပြီး (၃)လအတွင်း လုပ်ငန်းစတင်ရမှာဖြစ်ပြီး (၆)လအကြာမှာတော့ အသေးစားစက်မှုလုပ်ငန်းဦးစီးဌာနသို့ မှတ်ပုံတင် ပြုလုပ်ဆောင်ရွက်ရမှာဖြစ်ကြောင်း၊ စောင့်ကြည့်ကာလအနေဖြင့် (၃)နှစ်စောင့်ကြည့်သွားမှာဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့သည်။

အဆိုပါသင်တန်းကို (၁)လကြာ သင်ကြားပြသပေးသွားမှာဖြစ်ပြီး သင်တန်းသို့ သင်တန်းသူ (၁၀)ဦး တက်ရောက်သင်ကြားလျက်ရှိကြောင်း သိရ သည်။

ဇော်မြင့်နိုင်