မြို့သစ် အောက်တိုဘာ ၂၃
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ် မြေပြင်သာကျေးရွာ အခြေခံပညာအထက်တန်းကျောင်းတွင် အောက်တိုဘာလ ၂၂ ရက်နေ့ ညနေပိုင်းက မိုးအနည်းငယ်ရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ကျောင်းဆောင်များ အမိုးလန်ပျက်စီးကာ သစ်ပင်သစ်ကိုင်းများ ကျိုးကျပျက်စီးမှုများ ဖြစ်ပွားခဲ့သည်။
မြေပြင်သာကျေးရွာ အခြေခံပညာအထက်တန်းကျောင်း အမိုးလန်ပျက်စီးကာ သစ်ပင်သစ်ကိုင်းများ ကျိုးကျပျက်စီးမှုအား တောင်တွင်းကြီးတပ်နယ်မှ တပ်နယ်မှူး ဗိုလ်မှူးချုပ် ထွန်းထွန်းနိုင်ကြီးကြပ်၍ (ကပစ-၁၇)မှ စက်ရုံမှူးဗိုလ်မှူးကြီး
သိန်းလွင်နှင့် တပ်မတော်သားများ၊ မြို့သစ်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ ဒေသခံပြည်သူ စုစုပေါင်းအင်အား (၂၅၀)ဦးတို့က စုပေါင်း၍ သန့်ရှင်းရေးနှင့် ရှင်းလင်းရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သန်းဝင်းထွန်း ( ပြန်/ဆက်)