ရေနံချောင်း အောက်တိုဘာ ၂၄
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဌေးကျော်သည် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ရေနံချောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့်အတူ အောက်တိုဘာလ ၂၂ ရက်နေ့ နံနက်ပိုင်းက ရေနံချောင်းမြို့နယ် ကံကြီးကျေးရွာရှိ တောင်သူ ဦးလူမုန်း၏ ကွင်းအမှတ် (၁၂၇) ၌ ဆိုလာစနစ်ဖြင့် မြေအောက်ရေစုပ်ယူပြီး drip irrigation အသုံးပြုကာ မိုးနှောင်းချည်မျှင်ရှည်ဝါ B – 31 ၊ ၁၀၄ ရက်သား အောင်မြင်ဖြစ်ထွန်းနေမှု အခြေအနေအား ကွင်းဆင်းကြည့်ရှု့အားပေးခဲ့ကြသည်။
ထို့နောက် နဂါးကျေးရွာ၊ နဂါးရေလှောင်တမံ မြေထိန်းနံရံများ ကောင်းမွန်မှု ရှိ မရှိ၊ နဂါးရေလှောင်တမံအတွင်း ရေဝင်ရောက်မှုအခြေအနေများအား ကွင်းဆင်းကြည့်ရှု့ စစ်ဆေးခဲ့ကြပြီး ဆက်လက်၍ နဂါးရေလှောင်တမံအစည်းအဝေးခန်းမတွင် ဒေသခံတောင်သူများနှင့် တွေ့ဆုံကာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ချောက်ခရိုင်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန ခရိုင်ဦးစီးမှူး၊ ရေနံချောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဇင်ဦး၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ မြို့နယ်အားကစားမှူး၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး၊ မြို့နယ်ပညာရေးဦးစီးဌာနမှ ဒုတိယမြို့နယ်ပညာရေးမှူး တို့က စိုက်ပျိုးရေးလုပ်ငန်းများပန်းတိုင်အထွက်နှုန်းရရှိရေး၊ နယ်မြေဒေသလုံခြုံရေး၊ အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို အလေးထား ရှင်းလင်းဆွေးနွေးခဲ့ကြပြီး ဒေသခံတောင်သူများက ပြန်လည်တင်ပြမှုများအပေါ် ပေါင်းစပ်ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)