ဖြူးမြို့နယ်၊ ကျီးမနိုးကျေးရွာရှိ မိုးစပါးမျိုးစေ့ထုတ်စိုက်ခင်းအား စံကွက်ရိတ်သိမ်း

​ဖြူး အောက်တိုဘာ ၂၄

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်အတွင်း နွေစပါးနှင့်မိုးစပါးများ အထွက်နှုန်းကောင်းစေရန် မျိုးကောင်းမျိုးသန့်စပါးမျိုးများ စိုက်ပျိုးထားမှုအပေါ်  အထွက်နှုန်းသိရှိစေရေးအတွက် ယနေ့နံနက်(၇)နာရီခွဲအချိန်က ကျီးမနိုးကျေးရွာအုပ်စု၊ ကျီးမနိုးကျေးရွာ၊ ကွင်းအမှတ်(၇၉၉)၊ ဇေယျာသီရိကွင်း၊ ဦးပိုင်အမှတ်-၁၁၊ တောင်သူဦးလှဌေး၏ ဆင်းသုခမျိုးစေ့ထုတ်စိုက်ခင်း(၂၀)ဧကတွင် စံကွက်ရိတ်သိမ်းခဲ့ကြကြောင်း သိရသည်။

ဖြူးမြို့နယ်အတွင်း ယခုနှစ်မိုးစပါးစိုက်ပျိုး ဧကပေါင်း(၁၅၀၈၂၆)ဧက လျာထားစိုက်ပျိုးထားပြီး အဆိုပါ ကျီးမနိုးကျေးရွာဇေယျာသီရိကွင်းအား စံကွက်ရိတ်သိမ်းရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်စိုက်ပျိုးရေး၊မွေးမြူရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီအဖွဲ့၊ သက်ဆိုင်ရာမြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ကျေးရွာအုပ်စုအတွင်းရှိကျေးရွာများ၊ ပတ်ဝန်းကျင်ကျေးရွာများမှ တောင်သူများသည် (၆.၆)ပေ ပတ်လည်အကွက်အား စံကွက်အဖြစ် ရိတ်သိမ်းခဲ့ကြရာ တစ်ဧကအစိုပျှမ်းမျှ(၁၁၂.၃၆)တင်းထွက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီမှ သိရသည်။

နေမျိုးလွင်(ပြန်/ဆက်)