လက်ပံတန်းမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် ဉာဏစွမ်းရည်ပြိုင်ပွဲကျင်းပ

လက်ပံတန်း အောက်တိုဘာ ၂၄

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့တွင် လူငယ်များ ကာယ၊ ဉာဏစွမ်းရည်ဖွံ့ဖြိုးတိုးတက်စေရန်နှင့် အသိပညာဗဟုသုတရရှိစေရန် ဉာဏစွမ်းရည်ပြိုင်ပွဲ၊ ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)တွင် ယနေ့နံနက် ၉ နာရီက ပြုလုပ်သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ပံတန်းမြို့နယ်ဦးစီးမှူး ဦးမျိုးမင်းထွန်းက ပြိုင်ပွဲပြုလုပ်ရသည့် ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး စကားပုံဆက်ပြိုင်ပွဲကိုကျင်းပရာ အ.မ.ကပေါက်ကုန်းကျောင်းမှ ကျောင်းသားကျောင်းသူလေးများက ပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်းသိရသည်။

ထို့နောက် ပြိုင်ပွဲတွင်ဆုရရှိသူများအား မြို့နယ်ဦးစီးမှူးနှင့်တာဝန်ရှိသူများက ဆုများအသီးသီး ချီးမြှင့်ပေးခဲ့ကြပြီး မြို့နယ်ရုံးစာကြည့်တိုက်ခန်းမတွင် နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်များကို ခင်းကျင်းပြသဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)