ကြံခင်းမြို့တွင် အာဖရိကဝက်အပြင်းဖျားရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ကွင်းဆင်း ဆောင်ရွက်

ကြံခင်း အောက်တိုဘာ ၂၄

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်တွင် မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်းပြီး ယမန်နေ့ နံနက်ပိုင်းက အာဖရိက ဝက်အပြင်းဖျားရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို ဆောင်ရွက်ကြကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာဝင်းကိုနှင့် မြို့နယ်စည်ပင်သာရေးအဖွဲ့မှ ဒုတိယဦးစီးမှူး ဒေါ်ခင်သန္တာထိုက်နှင့် ဝန်ထမ်းများက မြို့နယ်အတွင်းရှိ ဝက်မွေးမြူရေး ခြံများအား အာဖရိကဝက်အပြင်းဖျားရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ အသိပညာပေးခြင်း၊ မွေးမြူရေးခြံများ သန့်ရှင်းမှုရှိစေရေးတို့အား စစ်ဆေးခဲ့ကြောင်း သိရသည်။

အာဖရိကဝက်အပြင်းဖျားရောဂါသည် ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်ပွားပြီး ဝက်များ သေဆုံးသောကြောင့် စီးပွားရေးအရ ထိခိုက်မှုများပြားသည့် ဝက်ရောဂါဖြစ်ပြီး လူသို့ ကူးစက်သော ရောဂါမဟုတ်ကြောင်း အာဖရိကဝက်အပြင်းဖျားရောဂါ ကာကွယ်ရန် လိုက်နာ ဆောင်ရွက်ရမည့်အချက်များအား အသိပညာပေးခြင်းဖြစ်ကြောင်း မြို့နယ် မွေးမြုရေးနှင့်ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူထံက သိရသည်။

မြို့နယ်(ပြန်/ဆက်)