ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမိုးမင်းနိုင် မြန်အောင်ခရိုင်အတွင်းရှိ ရေလှောင်တမံများ ကြည့်ရှုစစ်ဆေး

မြန်အောင် အောက်တိုဘာ ၂၄

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမိုးမင်းနိုင်သည် တိုင်းဒေသကြီး ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာအောင်သန်းဦး၊ မြန်အောင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ညနေပိုင်းက အင်္ဂပူမြို့နယ် နန်ကသူရေလှောင်တမံနှင့် မြန်အောင်မြို့နယ် မမြ ရေလှောင်တမံတို့အား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ဦးစွာ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမိုးမင်းနိုင်သည်  တိုင်းဒေသကြီး ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာ အောင်သန်းဦးနှင့်အတူ တာဝန်ရှိသူများက အင်္ဂပူမြို့နယ် နန်ကသူရေလှောင်တမံ ရေဝင်ရောက်မှု၊ ရေပိုလွှဲမှ ရေကျော်ကျမှုအခြေအနေ၊ ရေအားလျှပ်စစ်ဖြင့်ကျေး ရွာ(၂)ရွာသို့ လျှပ်စစ်မီး ဖြန့်ဝေပေးမှုများကို ကြည့်ရှုစစ်ဆေးရာ မြန်အောင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးလှိုင်၊ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ တာဝန်ရှိသူများက ရှင်းလင်းတင်ပြခဲ့ကြသည်။ ဆက်လက်၍ မြန်အောင်မြို့နယ် မမြရေလှောင်တမံသို့ ရောက်ရှိပြီး ရေလှောင်တမံအတွင်း ရေဝင်ရောက်မှု၊ ရေပိုလွှဲမှ ရေကျော်ကျမှုအခြေအနေ၊ ရေအားလျှပ်စစ်ဖြင့် ကျေးရွာ(၄)ရွာသို့ လျှပ်စစ်မီး ဖြန့်ဝေပေးမှုများကို ကြည့်ရှုစစ်ဆေး၍ ရေလှောင်တမံ ကြံခိုင်ရေးကောင်းမွန်ရေး စဥ်ဆက်မပြတ် ကြည့်ရှု့စစ်ဆေးရန်နှင့် နွေစပါးရေပေးဝေနိုင်ရေး ကြိုတင်စီမံဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။ ထို့နောက် ကြံခင်းမြို့နယ် အထွ ထွေအုပ် ချုပ်ရေးဦးစီးဌာန အစည်းဝေးခန်းမ၌ မြန်အောင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ကြံခင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်မှု အခြေအနေများအား တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

ဝင်းဗိုလ်(ပြန်/ဆက်)