အင်္ဂပူ အောက်တိုဘာ ၂၄
ဧရာဝတီတိုင်းဒေသကြီး၊ လုံခြုံရေးနှင့်နယ်စစ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မိုးမင်းနိုင်သည် တိုင်းဒေသကြီး ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာနက ဒုတိုင်းဦးစီးမှူး ဒေါက်တာ အောင်သန်းဦးတို့လိုက်ပါလျက် ယမန်နေ့ ညနေပိုင်းက အင်္ဂပူမြိုနယ်၊ ကညွှတ်ကွင်းကျေးရွာအုပ်စု အတွင်းရှိ နန်ကသူရေလှောင်တမံသို့ ရောက်ရှိရာ မြန်အောင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးလှိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်မိုးနှင့် တာဝန်ရှိသူများက ကြိုဆိုခဲ့သည်။
နန်ကသူရေလှောင်တမံရှင်းလင်းဆောင်တွင် ဝန်ကြီးနှင့် တာဝန်ရှိသူများအား ဟင်္သာခရိုင် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးမြင့်အောင်က ရေလှောင်တမံတည်ဆောက်ထားရှိမှု အခြေအနေ၊ ရေသိုလှောင်ထားနိုင်မှု အခြေအနေနှင့် ရေအားလျှပ်စစ်ဖြင့် ကျေးရွာ(၂)အား အခမဲ့လျှပ်စစ်ဖြန့်ဝေမှုအခြေအနေများအား ရှင်းလင်းတင်ပြခဲ့သည်။ ထို့နောက် ဝန်ကြီးနှင့် တာဝန်ရှိသူများ သည် ရေပိုလွှဲနှင့် Mini Hydropower Station တို့အား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များအား လမ်ညွှန်မှာကြားခဲ့ကြောင်း သိရသည်။
မန်းကျော်(ပြန်/ဆက်)