ကျွန်းလှမြို့နယ်၌ စိုက်ပျိုးရေးလုပ်ငန်းဖြင့် ကျေးလက်နေပြည်သူများ အလုပ်အကိုင်ရရှိ

ကျွန်းလှ အောက်တိုဘာ ၂၄

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် စိုက်ပျိုးရေးကို အဓိက လုပ်ကိုင်သော ဒေသတစ်ခုဖြစ်ပြီး ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်လမ်း ရရှိနေကြကြောင်း သိရသည်။

ကျမတို့ကျေးရွာမှာ နွေ၊ မိုး၊ ဆောင်း ရာသီအလိုက် သီးနှံမျိုးစုံစိုက်ပျိုးကြပါတယ်။ တောင်သူတွေက စိုက်ပျိုးချိန်၊ ပေါင်းမြက်ရှင်းလင်းချိန်နဲ့ ရိတ်သိမ်း ဆွန်ခူးချိန်တို့မှာ အလုပ်သမား ငှားရမ်းကြပါတယ်။ အခုအခါ ဆောင်းသီးနှံစိုက်ပျိုးချိန်ဖြစ်တော့ တစ်ရက်ငှားရင် တစ်ဦးကို ငွေကျပ် ၆၀၀၀ ဝင်ငွေရပြီး အလုပ်အကိုင်ရရှိနေကြပါတယ်ဟု ရှမ်းစုကျေးရွာနေ ‌ဒေါ်နှင်းမေက ပြောသည်။

ကျွန်းလှမြိုနယ်အတွင်းရှိ လယ်ယာမြေများမှာ မိုးကောင်းသောက်ဖြစ်သော်လည်း ‌‌ချောင်းပိတ်၊ မြောင်းပိတ်နှင့် မြေအောက်ရေတင်ပြီး စပါး၊ ပဲမျိုးစုံ၊ ဆီထွက်သီးနှံ၊ စားဖိုတောင်သီးနှံ၊ အခြားသီးနှံ၊ နှစ်ရှည်ပင်သီးနှံများ ရာသီအလိုက် စိုက်ပျိုးကြကြောင်း မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

မျိုးဝင်းညို ကျွန်းလှ