မော်လမြိုင်ကျွန်း အောက်တိုဘာ ၂၄
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့တွင် မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေးနည်းလမ်းများကို ပြည်သူလူထုနှင့် စျေးသူ၊ စျေးသားများအား ပညာပေးဟောပြော သရုပ်ပြခြင်း၊ လက်တွေ့ဆောင်ရွက်စေခြင်းကို ယမန်နေ့ ညနေ (၃)နာရီက မော်လမြိုင်ကျွန်း မြို့ရှိ မဟာဗန္ဓုလ(၁၂)လမ်း၊ မြို့မဈေးအရှေ့ဘက်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးဆောင်မှုဖြင့် မော်လမြိုင်ကျွန်းမြို့နယ် စည်ပင် သာယာရေးအဖွဲ့မှ မြို့နယ်မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ ဆောင်ရွက်ခဲ့ကြသည်။
အသိပညာပေးရာတွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရန် မီးဖိုချောင်သုံး စားပွဲတင်ဂတ်စ်မီးဖိုများ၊ အခြားသောဂတ်စ်မီးဖိုများ အသုံးပြုပုံ များရှင်းလင်းခြင်း၊ မီးသတ်ဆေးဘူးများ အသုံးပြုရာတွင် "ဖြုတ်၊ ချိန်၊ ညှစ်" အသုံးပြုနိုင်ခြင်းများအား မြို့နယ်မီးသတ်ဦးစီးဌာနမှူး ဦးမျိုးဇော်က ပညာပေးဟောပြော၍ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များက လက်တွေ့သရုပ်ပြခဲ့ကြပြီး ပြည်သူလူထုများအား လက်တွေ့ဆောင်ရွက်စေခဲ့ သည်။
ပညာပေးခြင်း၊ လက်တွေ့ဆောင်ရွက်စေခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသီဟဇော်၊ အဖွဲ့ဝင် (၁) ဗိုလ်မှူးမင်းလွင်၊ အဖွဲ့ဝင် (၂) ဦးတင်လှိုင်၊ အဖွဲ့ဝင်(၃)ဦးစောဝဏ္ဏ၊ အတွင်းရေးမှူး ရဲမှူး မိုးစိန်၊ မြို့နယ်စည်ပင်သာယာရေး အဖွဲ့အမှုဆောင်အရာရှိ ဒုတိယညွှန်ကြားရေးမှူး ဦးမင်းဇော်၊ မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦးမျိုးဇာ်၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မီးသတ် ဦးစီးဌာနမှ တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အရန် မီးသတ်တပ်ဖွဲ့ဝင်များ၊ စျေးမိစျေးဖများ၊ စည်ပင် သာယာရေးအဖွဲ့တို့မှ တာဝန်ရှိသူများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ မြို့နယ် စည်ပင်သာယာရေးအဖွဲ့ပိုင်ဈေးများအား မီးလောင်ဆုံးရှုံးမှုမရှိစေရေးအတွက် မီးဘေးကြိုတင် ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်သရုပ်ပြ ခြင်းကို ပြည်သူလူထုနှင့် စျေးသူ၊ စျေးသားများအား အသိပညာပေး ဟောပြောဆွေးနွေး သရုပ်ပြ၍ လက်တွေ့ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရဲကိုမောင် (ပြန်/ဆက်)