မအူပင် အောက်တိုဘာ ၂၄
ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင်၊ မအူပင်မြို့နယ်၊ ရေလဲကြီးကျေးရွာအုပ်စု၊ မိုးကောင်းစုကျေးရွာတွင် ယနေ့နံနက် (၇)နာရီ (၃၀)မိနစ်အချိန်က မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ် (၁)လုံး အမိုးလန်ပြီး၊ လူနေအိမ်(၁)လုံးပြိုကျပျက်စီးခဲ့ရာ ဆုံးရှုံးမှုတန်ဖိုး (၇၇၀၀၀၀/-)ခန့် ဆုံးရှုံးခဲ့ရသည်။
အဆိုပါ ပျက်စီးဆုံးရှုံးခဲ့သည့် နေအိမ်များရှိ မိသားစုဝင်များအား နီးစပ်ရာဆွေမျိုးများနေအိမ်တွင် ခေတ္တပြောင်းရွှေ့နေထိုင်စေပြီး ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များမှ နေအိမ်များပြန်လည် ဆောက်လုပ် နေထိုင်နိုင်ရေးအတွက် ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် လူနှင့်တိရိစ္ဆာန်များ ထိခိုက်သေဆုံးမှုမရှိကြောင်း သိရသည်။
မအူပင်ခရိုင် (ပြန်/ဆက်)