စစ်ကိုင်း အောက်တိုဘာ ၂၄
စစ်ကိုင်းခရိုင် အသေးစားစက်မှုလက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ကြီးမှူး၍ အသေးစား၊ အလတ်စား၊ စီးပွားရေးလုပ်ငန်းများ ပေါ်ထွန်းလာစေ ရေး ဆောင်ရွက်မည့် လုပ်ငန်းစီမံကိန်း “တန်ဖိုးမြှင့်စား သောက်ကုန် (Bakery) အမျိုးမျိုးထုတ်လုပ်မှု နည်းပညာသင်တန်း ဆင်းပွဲအခမ်းအနား ကို ယမန်နေ့ မွန်းလွဲ(၂)နာရီက အဆိုပါရုံးတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
သင်တန်းဆင်းပွဲတွင် စစ်ကိုင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်ဆင့်က ပြည်သူများ အလုပ်အကိုင်ရရှိရေးနှင့် အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ ပေါ်ထွန်းလာစေရေးအတွက် သက်ဆိုင်ရာဌာနအနေဖြင့် နည်းပညာသင်တန်းဖွင့်လှစ်ပေးခဲ့ပြီးဖြစ်ကြောင်း၊ သင်တန်းသား/ သင်တန်းသူများအနေဖြင့်လည်း သင်တန်းမှ ပညာရပ်တွေကိုရရှိကြလိမ့်မည်ဟု ယုံကြည်ပါကြောင်း၊ ရရှိခဲ့သည့် ပညာရပ်တွေကို လက်တွေ့အသုံးချပြီး မိမိတို့မိသားစုအတွက် နိုင်ငံတော်အတွက် တစ်ဖက်တစ်လှမ်းမှ အထောက်အကူဖြစ်အောင် ကြိုးစားလုပ်ကိုင်ဆောင်ရွက် သွားကြစေလိုကြောင်း၊ သင်တန်းမှ သင်တန်း သား/ သင်တန်းသူ၊ အမှန်တစ်ကယ်လုပ်ငန်း ထူထောင်လိုသူ(၅)ဦးကိုလည်း ကော်မတီမှ စိစစ်ရွေးချယ်ပေးပြီး နိုင်ငံတော်မှ အကုန်အကျခံ လုပ်ငန်းထူထောင်ပေးသွားမှာဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့ပြီး ခရိုင်အသေးစားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာနမှ ခရိုင်ဦးစီးမှူးက သင်တန်းမှရရှိခဲ့သည့် ထုတ်ကုန်ပစ္စည်းများကို ပေးအပ်ရာ သင်တန်းသူတစ်ဦးက လက်ခံပေးခဲ့သည်။
စစ်ကိုင်းခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနအနေဖြင့် ပြည်သူများ အလုပ်အကိုင်ရရှိစေရေးအတွက် ဖျော်ရည်မျိုးစုံ၊ မုန့်မျိုးစုံနှင့် စက်ချုပ်လုပ်ငန်း သင်တန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးနေလျက်ရှိကြောင်း သိရသည်။
ဇော်မြင့်နိုင်