အင်္ဂပူမြို့နယ်တွင် ဧရာဝတီမြစ်ကမ်းပါးပြိုကျမှု‌ကြောင့် လူနေအိမ်(၃)လုံး ကြိုတင်ပြောင်းရွှေ့

အင်္ဂပူ အောက်တိုဘာ ၂၄

ဧရာဝတီတိုင်း‌ဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်၊ ခွေးတောက်ချောင်းအုပ်စု၊ နံကပ်ကြီးကျေးရွာတွင် ယမန်နေ့ နံနက် ၁၁ နာရီ ၄၅ မိနစ်ခန့် က ဧရာဝတီမြစ်ကမ်းပါးပြိုကျမှု‌ကြောင့် လူနေအိမ်ခြေ(၃) လုံးကြိုတင်ရွှေ့ပြောင်းခဲ့သည်။

အဆိုပါ လူနေအိမ်များ ကြိုတင်ပြောင်းရွှေ့ရာသို့ ကျေးရွာအုပ်ချုပ်‌ရေးမှူးများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်မိ၊ ရပ်ဖများ၊ ဒေသခံပြည်သူများမှ ကူညီ‌ဆောင်ရွက်ခဲ့ကြောင်းနှင့် လူနှင့် တိရိစ္ဆာန်များ ထိခိုက်ဆုံးရှုံးမှုမရှိ‌ကြောင်း သိရသည်။

မန်းကျော်(ပြန်/ဆက်)