ဟုမ္မလင်း အောက်တိုဘာ ၂၄
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့နယ် ခေါင်ခမ်းကျေးရွာတွင် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် လက်ဖက် စိုက်တောင်သူ များက လက်ဖက်စို၊ လက်ဖက်ခြောက်အဆင့် ဆင့်ထုတ်လုပ်ဆောင်ရွက်နေမှု ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့ နံနက်ပိုင်း အဆိုပါကျေးရွာသို့ ဟုမ္မလင်းလေတပ်စခန်းဌာနချုပ် တပ်နယ်မှူး ဗိုလ်မှူးချုပ်သိန်းထွန်းဦး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲဝင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဇော်၊ မြို့နယ်အဆင့်နိုင်ငံစီးပွားမြှင့်တင်ရေး ရန်ပုံငွေစီမံခန့်ခွဲမှုကော်မတီအဖွဲ့ဝင်များ၊ ဟုမ္မလင်းမြို့နယ် စိုက်ပျိုးရေးဦးစီး ဌာနနှင့် တာဝန်ရှိသူများ က ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။
ဟုမ္မလင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ဆောင်ရွက်သည့် လက်ဖက်တောင်သူများ လက်တလော ဖြစ်ပေါ်နေသော လုပ်အားရှားပါးမှုအပေါ် စက်ဖြင့်အသုံးပြု လုပ်ငန်းလည်ပတ်နိုင်လာခြင်း၊ ကုန်ပစ္စည်းအရည်အသွေး ကောင်းမွန်ခြင်း၊ အလေအလွင့်နည်းလာခြင်း၊ လုပ်ငန်းလည်ပတ်မှုလျင်မြန်ခြင်း၊ သန့်ရှင်းဖော်ဆောင်ခြင်း၊ စိုက်ပျိုးရေးဆိုင်ရာအလေ့အကျင့်ကောင်းများကို ဖောင်ဆောင်နိုင်ခြင်းဖြင့် ကုန်ချောထုတ်လုပ်မှုလျင်မြန်၍ ဝင်ငွေပုံမှန်ရရှိလာနိုင်မည် ဖြစ်ကြောင်း သိရသည်။
ဟုမ္မလင်းမြို့နယ်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ လက်ဖက်လုပ်ငန်းအတွက် ချေးငွေထုတ်ယူသူ တောင်သူ(၁၂)ဦး၊ ဟုမ္မလင်းမြို့နယ် ခေါင် ခမ်းကျေးရွာတွင် လက်ဖက်စိုက်တောင်သူ(၁၈၇)ဦးရှိပြီး မူလကတည်းက စိုက်ပျိုးဧကပေါင်း (၆၈၇)ဧက စိုက်ပျိုးထားရှိကာ စိုက်ပျိုးထားရှိမှုအပေါ် ဟုမ္မလင်းမြို့နယ် ခေါင်ခမ်းကျေးရွာအုပ်စုတွင် နိုင်ငံ့စီးပွားမြှင့်တင့်ရေးရန်ပုံငွေဖြင့် လက်ဖက်လုပ်ငန်းအတွက် ချေးငွေထုတ်ယူသူ တောင်သူ (၆)ဦးရှိကြောင်း သိရသည်။
ဟုမ္မလင်း(ပြန်/ဆက်)