ခန္တီး အောက်တိုဘာ ၂၄
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် ယမန်နေ့ နံနက်(၈)နာရီအချိန်က ခန္တီးမြို့ နားမေတ္တာရပ်ကွက် အတွင်း နေထိုင်ကြသည့် နေအိမ်များသို့ ရှေးဦးမီးငြှိမ်းသတ်ရေးပစ္စည်းများဖြစ်သည့် မီးချိတ်၊ မီးကတ်၊ သဲပုံး၊ ရေပုံး၊ လှေကားထားရှိမှုအခြေအနေများ၊ လျှပ်စစ်မီးနှင့် မီးဖိုမီး သုံးစွဲမှု အခြေအနေများအား တစ်အိမ်တက်ဆင်း လိုက်လံစစ်ဆေးခဲ့သည်။
ယခုကာလသည် ပွင့်လင်းရာသီသို့ရောက်ရှိပြီဖြစ်သည့်အတွက် မီးလောင်မှုကြီးများနှင့် မီးဘေး အန္တရာယ် မဖြစ်ပွားမပေါ်ပေါက်စေရေးအတွက် ရည်ရွယ်၍ လိုက်လံစစ်ဆေးခြင်းဖြစ်ကြောင်း၊ အကယ်၍ မီးဘေးအန္တရာယ်တစ်စုံတစ်ရာ ဖြစ်ပွားလာပါက မိမိတို့မီးသတ်တပ်ဖွဲ့ဝင်များ မရောက်ရှိ မီအချိန်အတွင်း ပြည်သူများအနေဖြင့် ရှေးဦးမီးငြိမ်းသတ်ရေး ပစ္စည်းများဖြစ်သည့် မီးချိတ်၊ မီးကတ်၊ သဲပုံး၊ ရေပုံးများဖြင့် လက်ဦးမှု ရယူငြှိမ်းသတ် နိုင်ရေးအတွက် အသင့်အနေအထားရှိစေရန် စစ်ဆေးခြင်းဖြစ်ကြောင်း မြို့နယ်မီးသတ်ဦးစီးမှူး ဦးအောင်မျိုးဝင်းထံမှ သိရသည်။
အဆိုပါ စစ်ဆေးခြင်းကို မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်လျှပ်စစ်ဦးစီးဌာနနှင့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့တို့ ပူးပေါင်းကာ တစ်အိမ်တက်ဆင်း လိုက်လံစစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)