ပလောက်မြို့တွင် မွေးစမှ(၁)နှစ်ခွဲအထိကလေးများနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံပေး

ပလောက် အောက်တိုဘာ ၂၃

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့တွင် မွေးစမှ(၁)နှစ်ခွဲအထိကလေးများနှင့် ကိုယ်ဝန်ဆောင်မိခင်များအားယနေ့ နံနက် (၉)နာရီ အချိန်က  မြို့ပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံး တွင်  ပုံမှန်ကာကွယ်ဆေးထိုးနှံပေး လျက်ရှိသည်။

ထိုသို့ ကာကွယ်ဆေးထိုးနှံရာတွင် ကျန်းမာရေးဝန်ထမ်းများကမြို့ပေါ်နှင့်ကျေးရွာများရှိ မွေးစမှ (၁)နှစ်ခွဲအထိ ကလေးများနှင့် ကိုယ်ဝန် ဆောင်မိခင်များကို  ပုံမှန်ကာကွယ်ဆေးများဖြစ်သော ဘီစီဂျီ၊ ပိုလီယိုအကြောသေ၊ဝက်သက် -ဂျိုက်သိုး၊ (ဆုံစို့နာ၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင် အသားဝါ(ဘီ)ပိုး၊ ဦးနှောက်အမြှေးရောင်)၊ (၅)မျိုးစပ်ကာကွယ်ဆေး၊ ပြင်းထန်အဆုပ်ရောင် (ပီစီဗီ)တို့ကို ထိုးနှံပေးလျက်ရှိရာ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောမဖြစ်စေရန် (Rota) ကာကွယ်ဆေးရည်တိုက်ကျွေးခြင်း၊ ပေါင်ချိန်ပေးခြင်းနှင့် ကိုယ်ဝန်ဆောင်မိခင်များအား မေးခိုင်ကာကွယ်ဆေး ထိုးနှံပေးခြင်းတို့ကို နေ့စဥ်ထိုးနှံပေးမည်ဖြစ်ကြောင်း သိရသည်။

နှင်းမြူလွင်(ပလောက်)