သာပေါင်းမြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှ အငြိမ်းစားဝန်ထမ်း (၁၀၃၉) ဦးတို့၏ ပင်စင်လစာငွေများ ပုံမှန်ဆက်လက်ထုတ်ပေး

သာပေါင်း အောက်တိုဘာ ၂၄

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို လစဉ် (၂၁)ရက်နေ့မှ စတင်၍ ပုံမှန်လစဉ်တိုင်း ထုတ်ပေးလျက်ရှိရာ ယမန်နေ့ နံနက် ၈ နာရီခွဲအချိန် ဆက်လက်ထုတ်ပေးလျက်ရှိသည်။

သာပေါင်းမြို့နယ်တွင် ကာကွယ်ရေးပင်စင်စား(၂၈၇)ဦး၊ နိုင်ငံရေးပင်စင်စား (၁၄၃)ဦး၊ မြို့ပြ ပင်စင်စား (၆၀၁)ဦး၊ ဘဏ်ဝန်ထမ်း ပင်စင်စား(၈)ဦး ပေါင်းအငြိမ်းစား ပင်စင်စားဦးရေ (၁၀၃၉) ဦးရှိရာ မြို့ပြပင်စင် (၁၉၁)ဦး၊ ကာကွယ်‌ရေးပင်စင်(၉၉)ဦး၊ နိုင်ငံရေးပင်စင်(၃၅)ဦး၊ မြန်မာ့စီးပွားရေး ဘဏ်ဝန်ထမ်းပင်စင် (၂)ဦး စုစုပေါင်း ပင်စင်စား(၃၂၇)ဦး ထုတ်ပေးလျက်ရှိခဲ့ပြီး ကျန်းမာရေးချို့ယွင်းတဲ့ အငြိမ်းစားသက်ကြီး ပင်စင်စား များအား ဦးစားပေး၍ ဘဏ်ဝန်ထမ်းများက စနစ်တကျ ထုတ်ပေးလျက်ရှိနေပါကြောင်းနှင့် ပင်စင်လစာငွေများကို လစဥ်(၂၁)ရက်နေ့မှ လစာမထုတ်မီ တစ်ရက်အလိုရက်နေ့အထိ နံနက် ၈ နာရီမှ စတင်၍ လာရောက် ထုတ်ယူသူ ပင်စင်စားကြီးများအားလုံးကို ထုတ်ပေးလျက်ရှိပြီး ကျန်ရှိသူများကို အစိုးရ ရုံးပိတ်ရက်များမှ ဘဏ်ဖွင့်ချိန်အတွင်း ဆက်လက်ထုတ်ပေးသွားမည်ဖြစ်ကြောင်း မြန်မာ့စီးပွားရေးဘဏ်၊ မြို့နယ်မန်နေဂျာ ဒေါ်အေးအေးမွန်ထံမှ သိရသည်။

မျိုးဇော်သိန်း သာပေါင်း ပြန်/ဆက်