ကလေး အောက်တိုဘာ ၂၄
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့တွင် ဒေသခံပြည်သူများအား စားအုန်းဆီကို ဈေးနှုန်းချိုသာစွာ ဝယ်ယူစားသုံးနိုင်ရန်အတွက် ယမန်နေ့နံနက် ၉ နာရီမှ ၁၂ နာရီအချိန်အထိ နေသာဘုန်းတော်ကြီးကျောင်းရှေ့တွင် ရောင်းချပေးခဲ့ကြောင်း သိရသည်။
စားအုန်းဆီများရောင်းချပေးရာတွင် လူတစ်ဦးလျှင် စားအုန်းဆီ ၁ပိဿာကို ငွေကျပ် ၅၅၈၄ နှုန်းဖြင့် ဒေသခံပြည်သူများအား ရောင်းချပေးခဲ့သည်။ စားအုန်းဆီရောင်းချပေးနေမှုကို ကလေးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စွာထွန်း၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလှစိုးနှင့် တာဝန်ရှိသူများက ကြီးကြပ်ဆောင်ရွက်ပေးခဲ့သည်။
အဆိုပါ စားအုန်းဆီများကို ပြင်ပပေါက်ဈေးထက် ဈေးနှုန်းချိုသာစွာ ရောင်းချပေးသောကြောင့် ဒေသခံပြည်သူများမှာ ဝမ်းမြောက်စွာဖြင့် လာရောက်ဝယ်ယူခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)