ကျုံပျော်မြို့နယ်တွင် အယ်လ်နီညို ရာသီဥတုဖြစ်ပေါ်မှုကြောင့် ငါးမွေးမြူရေးကဏ္ဍအပေါ် သက်ရောက်နိုင်မှုများအား ကြိုတင်ကာကွယ်နိုင်ရေး အသိပညာပေး

ကျုံပျော် အောက်တိုဘာ ၂၄

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင် ငါးလုပ်ငန်းဦးစီးဌာနက အယ်လ်နီညိုရာသီဥတုကြောင့် ငါးမွေးမြူရေးကဏ္ဍအပေါ် သက်ရောက်နိုင်မှု များနှင့် ကြိုတင်ကာကွယ်ရေး အသိပညာပေးလှုပ်ရှားမှု ရက်သတ္တပတ်အနေဖြင့် ကျုံပျော်မြို့နယ်၊ ရှားခဲကျေးရွာအုပ်စု၌  ငါးမွေးမြူရေး တောင်သူများအား  အသိပညာပေးခြင်းကို ယမန်နေ့ နံနက်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် ကျုံပျော်ခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှ တာဝန်ရှိသူများက အယ်လ်နီညို ရာသီဥတုကြောင့် ဖြစ်ပေါ်နိုင်သည့် ငါးမွေးမြူရေး ကဏ္ဍအပေါ်  သက်ရောက်နိုင်မှုများဖြစ်သည့် ငါးများအစာနှင့် ရေရှားပါးခြင်း၊ မျိုးပွားနှုန်းကျဆင်းခြင်း၊ အဟာရမပြည့်ဝခြင်း၊ ကူးစက်ရောဂါများ ဖြစ်ပေါ်လာနိုင်ခြင်းတို့ကြောင့် ကြိုတင်ကာကွယ်နိုင်ရေးနှင့် ပြင်ဆင်ဆောင်ရွက်ထားသင့်သည်များကို ရှင်းလင်းဆွေးနွေးပြောကြားပြီး ကျုံပျော် ခရိုင် ငါးလုပ်ငန်းဦးစီးဌာန ဝန်ထမ်းများက အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။ 

မြို့နယ်(ပြန်/ဆက်)