ဒေးဒရဲမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ အခမ်းအနားမှူးသင်တန်း ဖွင့်လှစ်သင်ကြားပေးလျက်ရှိ

ဒေးဒရဲ အောက်တိုဘာ ၂၄

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန (Community Centre)ခန်းမတွင် ကျောင်းသား၊ ကျောင်းသူများ အချိန်ကို အကျိုးရှိစွာ အသုံးချနိုင်ရေး၊ အခမ်းအနားမှူးတစ်ယောက်အဖြစ် ဆောင်ရွက်ရာတွင် အခမ်းအနားတစ်ဦးတွင်ရှိရမည့် အဓိကအရည်အချင်းများကို သိရှိနားလည်စေရန်နှင့် အခမ်းအနားအစီအစဥ် အစ၊ အလယ်၊ အဆုံး တာဝန်ယူ ဆောင်ရွက်နိုင်သည့် အခမ်းအနားမှူးကောင်းများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ အခမ်းအနားမှူး သင်တန်းအား ၂၀၂၃ ခုနှစ် အောက်တိုဘာလ (၂၂)ရက်နေ့က စတင်၍  ဖွင့်လှစ်ပို့ချပေးလျက်ရှိကြောင်း သိရသည်။

အခမ်းအနားတွင် မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်မြင့်မြင့်ခိုင် သင်တန်းဖွင့်လှစ်ပေးရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး Master of Ceremony (M.C) တစ်ဦးတွင် ရှိရမည့် အဓိကအရည်အချင်းများ၊ ရုပ်ပိုင်းဆိုင်ရာများ၊ ဝတ်စားဆင်ယင်မှု၊ ကြိုတင်ပြင်ဆင်မှုများ၊ အမ်းအနားမှူးတစ်ဦး၏ ဆောင်ရန်၊ ရှောင်ရန်များ၊ အသံပိုင်းဆိုင်ရာများ၊ ခန်းမအတွင်း ​ဆောင်ရွက်သည့် အခမ်းအနားများ၊ ခန်းမပြင်တွင် ပြုလုပ်သည့် အခမ်းအနားများတွင် ကြိုတင်ပြင်ဆင်မှုများ စသည့် အခြေခံ အချက်အလက်များကို စာတွေ့၊ လက်တွေ့ သင်ကြားပို့ချပေးခဲ့ပြီး သင်တန်းသူများက လက်တွေ့လေ့ကျင့်မှုများကို အဖွဲ့များခွဲ၍ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ ဆက်လက်၍ တက်ရောက်လာသူများနှင့် သင်တန်းသူများက မြိုနယ်ရုံးမှ ပြသထားသော နံရံကပ်စာစောင်များကို ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

အဆိုပါ သင်တန်းကို အခြေခံပညာအထက်တန်းကျောင်းများက ကျောင်းသူ (၁၅)ဦး တက်ရောက် သင်ယူခဲ့ပြီး၊ သင်တန်းကာလ()ရက်ဖြစ်ကြောင်း သိရသည်။

အေဇာလင်း