ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အဖွဲ့ နတ်တလင်းမြို့ မြို့မဈေးဈေးရုံအသစ် တည်ဆောက်ထားရှိမှုအား ကြည့်ရှုစစ်ဆေး

နတ်တလင်း အောက်တိုဘာ ၂၃

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အဖွဲ့ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်၊ မြို့မရပ်ကွက်၊ ဗိုလ်ချုပ်လမ်းရှိ မြို့မစည်ပင်သာယာဈေးအတွင်း ဈေးရုံအသစ်တည်ဆောက်ထားရှိမှုအား ယနေ့နံနက် ၁၁နာရီ အချိန်က ကြည့်ရှုစစ်ဆေးခဲ့သည်။  

ရှေးဦးစွာ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြို့မဈေးအတွင်းရှိ ဈေးရုံအသစ်တည်ဆောက်ထားရှိမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်ဦးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ကျော်ဦး၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဦးဟန်ရှိန်နှင့် တာဝန်ရှိသူများမှ ရှင်းလင်းတင်ပြရာ ဝန်ကြီးချုပ်မှလိုအပ်သည်များကိုမှာကြားခဲ့ပြီး လက်ရှိအသုံးပြုနေသည့် ဈေးရုံအဟောင်းအား လှည့်လှည်ကြည့်ရှုစစ်ဆေးကာ အမိုးများပြန်လည်ပြင်ဆင်ရန် မှာကြားခဲ့ကြောင်း သိရသည်။

ဝေယံဖြိုး (ပြန်/ဆက်)