မင်းဘူးမြို့ မဟာသကျမုနိ ဗုဒ္ဓပူဇနိယ ဘုရားပွဲတော်အား စည်ကားသိုက်မြိုက်စွာ ကျင်းပ

မင်းဘူး  အောက်တိုဘာ  ၂၃

မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့ အမှတ် (၄) ဝေဠုဝန်ရပ်ကွက်ရှိ မဟာသကျမုနိ ဗုဒ္ဓပူဇနိယဘုရားပွဲတော်အား စည်ကားသိုက်မြိုက်စွာ နှစ်စဉ်အမြဲ ကျင်းပလာခဲ့ရာ ယခုနှစ်တွင်လည်း အစဉ်အလာမပျက် ရိုးရာလှေပြိုင်ပွဲများ၊ ဂီတစက်ဝိုင်း တေဂီတအဖွဲ့များဖြင့် တင်ဆက်ကပြကာ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။

ဘုရားပွဲတော်ကို အောက်တိုဘာ ၁၈ ရက်နေ့မှ စတင်ကာ ရိုးရာလှေပြိုင်ပွဲများအနေဖြင့် ယောက်ျားလေး ၉ သင်း၊ မိန်းကလေး ၆ သင်းဖြင့် ဝင်ရောက်ယှဉ်ပြိုင်စေကာ အောက်တိုဘာ ၂၂ ရက်နေ့တွင် ဗိုလ်လုပွဲကို ဆက်လက်ယှဉ်ပြိုင် ကစားစေခဲ့ပြီး အနိုင်ရရှိသည့် အသင်းများနှင့် ဒုတိယ၊ တတိယရရှိသည့် အသင်းများကို အမှတ်(၄) အုပ်ချုပ်ရေးမှူး ဦးမျိုးဆင့်နှင့် တာဝန်ရှိသူများမှ ဆုများအသီးသီး ပေးအပ်ချီးမြှင့်ကာ ဂီတစက်ဝိုင်း တေးဂီတအဖွဲ့ဖြင့် စည်ကားသိုက်မြိုက်စွာ ကပြခဲ့ကြကြောင်း သိရသည်။

ဇေယျာထက်(မင်းဘူး)