သာယာဝတီ အောက်တိုဘာ ၂၃
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်၌ ပွင့်လင်းရာသီတွင် မီးဘေးအန္တရာယ်များအား အချိန်နှင့်တစ်ပြေးညီ တုံ့ပြန်ဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ မြို့နယ်ရှိဌာနဆိုင်ရာရုံးများအား ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့နံနက် ၁၀ နာရီက ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ယင်းသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ စခန်းတာဝန်ခံ ဦးသိန်းနိုင်နှင့် အဖွဲ့ဝင်များက ပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများအား မီးဘေးလုံခြုံမှုရှိစေရေးအတွက် မီးသတ်ပစ္စည်းကိရိယာများဖြစ်သော မီးသတ်ဆေးဘူး၊ မီးသတ်ရေပုံးများ၊ မီးချိတ်၊ မီးကပ်များ၊ သဲအိတ်များ၊ ရေကန်များဖြည့်တင်းထားရှိစေရေးအတွက် ဆောင်ရန်ရှောင်ရန်များ၊ မတော်တဆမီးလောင်မှုဖြစ်ပွားပါက မီးသတ်ဦးစီးဌာနသို့ ဆက်သွယ်ရမည့်ဖုန်းနံပါတ်များ၊ မီးဖိုချောင်အတွင်း မီးဘေးလုံခြုံမှုရှိစေရေး၊ မီးဖိုချောင်သုံးပစ္စည်းများ စနစ်တကျဆောင်ရွက်ထားရှိမှုများနှင့် မီးလောင်စဉ်မီးသတ်ဆေးဘူးများ စနစ်တကျအသုံးပြုပုံတို့ကို အသိပညာပေး ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
သန့်ဇော် (ပြန်/ဆက်)