စလင်းမြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်အထက် အသက်ကြီးဘိုးဘွား (၁၄၆၇)ဦးအား လူမှုရေးပင်စင်ထောက်ပံပေးအပ်

စလင်း အောက်တိုဘာ ၂၂

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စု (၁၁၀) အုပ်စုမှ  အသက်(၈၅)နှစ်အထက် အသက်ကြီး ဘိုးဘွား (၁၄၆၇)ဦးအား လူမှုရေးပင်စင်ထောက်ပံ့ငွေများကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က မြို့ပေါ်ရပ်ကွက်(၈)ရပ်ကွက်နှင့် ကျေးရွာ အုပ်စုအလိုက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ပတ္တမြားအစည်းအဝေးခန်းမဆောင်တွင် ကျေးရွာအုပ်ချုပ်ရေးမှူးများမှ တစ်ဆင့် ရပ်ကျေးစာရေးဝန်ထမ်းများက အိမ်တိုင်ရာရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ထောက်ပံပေးအပ်ရာတွင် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန လူမှုဝန်ထမ်းဦးစီးဌာန၏  ၂၀၂၃၊ ၂၀၂၄ ဘဏ္ဍာနှစ် ပထမ​ခြောက်လပတ် ဇူလိုင်၊ သြဂုတ်၊ စက်တင်ဘာ) လအတွက် အသက်ကြီးဘိုးဘွားတစ်ဦးလျှင် ထောက်ပံငွေ (၃၀၀၀၀) ကျပ် ထောက်ပံ့ပေးအပ်ခြင်းဖြစ်ပြီး အဆိုပါထောက်ပံ့ငွေများကို စလင်းမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာအုပ်စု (၁၁၀) အုပ်စုမှ အသက်(၈၅)နှစ် အထက်  အသက်ကြီးဘိုးဘွား  (၁၄၆၇)ဦးတို့အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးလွှမ်းမိုးအောင်က ကြီးကြပ်မှုဖြင့်  ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် ရပ်ကျေးစာရေးဝန်ထမ်းများမှ   အိမ်တိုင်ရာရောက် သွားရောက်ထောက်ပံ့အပ်ခဲ့ပြီး  စလင်းမြို့  ဖောင်းလင်းကျေးရွာအုပ်စုမှ  အသက်ကြီးဘိုးဘွား (၄၂)ဦးတို့အား ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးအေးနှင့် ရပ်ကျေးစာရေးဝန်ထမ်းတို့မှ အိမ်တိုင်ရာ ရောက် ထောက်ပံ့ပေးအပ်ခဲ့ရာ  အသက်ကြီးဘိုးဘွား (၄၂)ဦးတစ်ဦးလျှင် သုံးသောင်းကျပ်နှုန်းဖြင့် (၁၂၆၀၀၀၀)ကျပ်ကို ထောက်ပံပေးအပ်ခဲ့ပြီး စလင်းမြို့နယ်အတွင်းရှိ အသက်ကြီးဘိုးဘွား (၁၄၆၇)ဦးအတွက် စုစုပေါင်းထောက်ပံငွေကျပ်သိန်း (၄၄၀၁၀၀၀၀)သောင်းကျပ်ကို ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း  မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှ သိရသည်။

(မောင်လွင်)စလင်း